Chapter 23

52.3K 6.3K 396
                                    

Unicode

လီချန်းယုံ နန်းဆောင်သို့ပြန်ရောက်လာသောအခါ အိပ်ဆောင်အတွင်း၌ သူ့ကို စောင့်ကြိုနေသော မြင်ကွင်းတစ်ခုရှိပါပေသည်။

အနှီတောင်ပိုင်းဘုရင်ကြီးက ကိုယ်လက်သန့်စင်ပြီး ဝတ်ရုံလဲနေခြင်းပင်။

သူ၏ အပေါ်ပိုင်းက ဗလာကျင်းထားပြီး ဆံနွယ်တို့ကို မြှင့်မြောက် စည်းထားလေသည်။ လီချန်းယုံကသာ လင်းမို၏ ရှေ့တွင် မရေမတွက်နိုင်အောင် အဝတ်အစားများချွတ်ဖူးသော်လည်း လင်းမိုကမူ လီချန်းယုံရှေ့တွင် တစ်ခါမျှ မချွတ်ပေ။

လင်းမို၏ မြင့်မားသော အရပ်နှင့် ပျားရည်ကဲ့သို့ ဝင်းမွတ်ပြီး တောင့်တင်းသော ခန္တာကိုယ်က အလွန်တရာစွဲဆောင်မှုရှိနေသည်။ သူ၏ ဝမ်းဗိုက်ပါ်က အဖုအထစ်သဖွယ် ကြွက်သားတို့ကို ကြည့်ပြီး လီချန်းယုံ မနာလိုဖြစ်လာသည်။ လင်းမို၏ ခန္တာကိုယ်မှာ ယောကျ်ားချင်းပင် အားကျယူရသည့် ခန္တာကိုယ်ဖြစ်သည်။ ထိုကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံသော ခန္တာကိုယ်ကို ကြည့်ပြီး လီချန်းယုံတွင် အတွေးတစ်ခုဝင်လာလေသည်။

လင်းမိုသည် ဝံပုလွေဖြူလေးက သူ၏ ခန္တာကိုယ်ကို စေ့စေ့စပ်စပ် အကဲခတ်နေသည်ကို အသည်းယားစွာ ငြိမ်ခံနေရလေသည်။ လီချန်းယုံက အကြည့်နဲ့တင် တင်းတိမ်ခြင်းမရှိတော့ဟန်နှင့် သူ၏ လက်ညှိုးလေးဖြင့် လင်းမို၏ ဝမ်းဗိုက်က ကြွက်သားအမြောင်းတို့ကို တို့ထိကြည့်လေသည်။ သူ၏ နီထွေးထွေး နှုတ်ခမ်းတို့ကလည်း မပီဝိုးတဝါးရေရွတ်လေသည်။

"မိုက်...လိုက်...တာ''

"အဟက်''
လီချန်းယုံ၏ စကားကြောင့် လင်းမိုအသံထွက်အောင်ရယ်သွားမိလေသည်။ လင်းမိုသည် သူ၏ ဝမ်းဗိုက်ကို စူးစမ်းနေသော ဝံပုလွေဖြူလေးကို ဆက်လက်သည်းခံနိုင်ခြင်းမရှိတော့ပါ။ သူ၏ ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်။ရုတ်တရက်ဖြစ်သောကြောင့် လီချန်းယုံ ရှောင်ချိန်မရလိုက်ပေ။

"ကိုယ်တော်...မောင်မင်းကို ဆုပေးရဦးမယ်''
လင်းမို၏ ရွှင်မြူးသော လေသံကြောင့် လီချန်းယုံမှာ ကျောချမ်းသွားလေသည်။

The True Conqueror [Complete]Where stories live. Discover now