Chapter 58

34.6K 5K 238
                                    

Unicode

ညဘက်တွင် ပေါ်ထွက်လာတတ်သော အရိပ်မည်းများကြောင့် တောင်ပိုင်းနိုင်ငံက ပြည်သူတို့မှာ အပြင်မထွက်ရဲကြ။ နေ့ဘက်တွင်လည်း သချိုင်းမှ နိုးထလာတတ်သော အသေကောင်တို့ကြောင့် ကောင်းစွာအပြင်မထွက်ရဲ။

ယခင်ကစည်ကားခဲ့သော လမ်းမကြီးများမှာ ယခုတော့ခြောက်ကပ်ပြီး တိတ်ဆိတ်နေသည်။ လူအမ်ားစုက ကျီးလန့်စာစားကာ ကပ်ဆိုးကြီးကိုရင်ဆိုင်နေရသည်။

လင်းမိုက သူတတ်နိုင်သမျှ ထိုတစေစ္ဆမိစ္ဆာတို့ကို တိုက်ထုတ်ရန်ကြိုးပမ်းသည်။ သူကိုယ်တိုင် စစ်သည်တော်တို့ကို ဦးဆောင်ပြီး တိုက်ခိုက်သောကြောင့် ယန်ပြည်ထောင်မှာ အခြားပြည်ထောင်များထက်စာလျှင် အခြေအနေမဆိုးသေးပေ။ နန်းတော်တွင် သိုလှောင်ထားသော ရိက္ခာတို့ကိုလည်း ပြည်သူများအား ဝေပေးရန် လင်းမိုက အမိန့်ချထားပြီ ဖြစ်သည်။

လင်းမိုအကောင်းဆုံးကြိုးစားနေပါသော်လည်း ပိုမိုဆိုးသွမ်းလာသော အခြေအနေတို့မှာ တားဆီးမရေသး။ မြို့တော်ကြီးများမှာ တစပြင်ကဲ့သို့ဖြစ်ကာ သေဆုံးသူအရေအတွက်က တဖြည်းဖြည်းများလာသည်။

မြောက်ပိုင်းနယ်မြေနှင့်နီးသော ဆွေဟိုင်းမှာ ထိုသို့သော အဖြစ်ဆိုးကို မကြုံရချေ။ သို့ကြောင့်လင်းမိုက ဆွေဟိုင်းနန်းတော် တည်ဆောက်ရေးကို မရပ်တန့်စေပဲ ဆက်လက်လုပ်ဆောင်စေသည်။

တစ်ရက်သောမနက်တွင်...
လင်းမိုက စစ်သည်တော်တို့ကို ဦးဆောင်ကာ သချိုင်းမှ အသေကောင်တို့ကို ရှင်းလင်းရန် သွားစဉ်မှာပင် ရုတ်တရက်ကောင်းကင်က အမှောင်အတိကျသလို မှောင်မိုက်သွားသည်။

ထွန်လင်းနေသောနေမင်းကို အမဲရောင် တိမ်တိုက်တို့က ဖုံးအုပ်လိုက်ခြင်းပင်။ အမဲရောင်တိမ်တိုက်တို့နှင့်အတူ အရိပ်မည်းကြီးများလည်း ပေါ်ထွက်လာသည်။

နန်းရင်ပြင်တွင်ရောက်ရှိနေသော လင်းမိုက ရုတ်တရက်ပြောင်းလဲသွားသော ကောင်းကင်ကို မော့ကြည့်သည်။

ကောင်းကင်ပေါ်မှ မိုးပေါက်လို အရည်တစ်စက် လင်းမို၏ မျက်နှာသို့ လာရောက်ထိမှန်သည်။ လင်းမိုက ပါးပေါ်က ထိုရေစက်ကို လက်ဖြင့်တို့ထိကြည့်လိုက်သောအခါ ကြည်လင်သောအရောင်မရှိဘဲ သွေးကဲ့သို့ အနီရောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

The True Conqueror [Complete]Where stories live. Discover now