Chapter 27

47.7K 5.9K 128
                                    

Unicode

ဝမ်အိမ်တော်တွင်  အိမ်ရှေ့စံအတွက် စားပွဲတော်တစ်ခုကျင်းပပေးလေသည်။ လျှို့ဝှက်စွာ ရောက်ရှိလာသော အိမ်ရှေ့စံကြောင့် စားပွဲတော်မှာ ကြီးကျယ်ခြင်းမရှိချေ။ သို့သော် ဝမ်အိမ်တော်နှင့် အမျိုးအနွယ်များဖြင့်ပင် တက်ရောက်လာသူ လူရာကျော်ရှိနေပြီဖြစ်သည်။

တက်ရောက်လာသော လူများကြားတွင် အနက်ရောင်ဝတ်ရုံနှင့် လူရွယ်တစ်ယောက်တိတ်တဆိတ်ထိုင်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေလေသည်။ သူ၏ မျက်ဝန်းတို့က ရီဝေလျှက် အသက်ရှင်ရခြင်းသည် သူ့အတွက် အဓိပ္ပါယ်မဲ့နေသယောင် ဖြစ်နေသည်။

လီချန်းယုံသည်အဆောင်တွင် စားပွဲတော်သွားရန် ပြင်ဆင်နေလေသည်။ သူသည် အိမ်ရှေ့စံဟူသော ဂုဏ်ပုဒ်ကြောင့် လိုအပ်သော အဆောင်အယောင်တစ်ချို့ကိုတော့ ဝတ်ဆင်ရပေဦးမည်။ ယခင်က နန်းတော်တွင် သူ့ကို ကူညီလုပ်ကိုင်ပေးမည့် အစေခံများရှိသည့်အတွက် အဆောင်အယောင်များကို သူ့နေရာနှင့်သူ ဝတ်ဆင်ရခြင်းသည် သူ့အတွက် မည်သည့်အခါကမျှ မခက်ခဲခဲ့ပေ။

ယခုမူကား လီချန်းယုံသည် ထိုကြေးမုံရှေ့တွင် ရပ်နေသည်မှာ တစ်နာရီခန့်ရှိနေပြီဖြစ်သည်။ သူသည် ဝတ်ရုံကို ယခုထိစိတ်တိုင်းမကျသေးပေ။ သူ၏ခါးတွင် ပတ်ထားသည့် ခါးစည်း၊ ခေါင်းတွင်ဆောင်းထားသည့် ခေါင်းဆောင်း အကုန်ရွဲ့စောင်းနေသလို ခံစားရသည်။ လီချန်းယုံ အလုပ်များနေချိန်တွင် တစ်စုံတစ်ယောက်ကတော့ အိပ်ရာပေါ်၌ သက်တောင့်သက်သာ လှဲကာ စာအုပ်ဖတ်နေလေသည်။

"ဟင်း...''
လီချန်းယုံ သက်ပြင်းချပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူသည် လင်းမိုကိုကြည့်ရင်း ဘာကိုစိတ်တိုမှန်းမသိ စိတ်တိုလာသည်။ သူစားပွဲတော်အတွက် ခဲယဉ်းစွာ ပြင်ဆင်နေရပေမယ့် လင်းမိုကတော့ အေးဆေးစွာနားနေနိုင်လေသည်။

လင်းမိုစာအုပ်ဖတ်ရင်း သူ့ကိုတစ်စုံတစ်ယာက်စိုက်ကြည့်နေသော ခံစားချက်ရလိုက်သည်။ သူမော့ကြည့်သောအခါ သူ့ကိုစူးရဲစွာ ကြည့်နေသော လီချန်းယုံကိုတွေ့လိုက်ရသည်။ လင်းမိုက အပျင်းတစ်ချက်ဆန့်ပြီး စာအုပ်ကိုဘေးချလိုက်သည်။

The True Conqueror [Complete]Where stories live. Discover now