၆။ ကျေးဇူးပါ ။ Mr. Hollandaise

6.9K 709 3
                                    

၆။

The Dark priestess: ဟေး ...ချင်းယီ ။ ဒီအပတ် ငါ့ကိုလာခေါ်ပါလား ?

လုချင်းယီ ...သူမရဲ့ဝမ်းခွဲအစ်မဖြစ်သူ လုရှုလန်
နိုင်ငံDမှ ပြန်လာမှာကို သူမမေ့နေသည်။ဒီအကြောင်းကို စဉ်းစားလိုက်တာ့ သူမ ထိုတိုက်ခန်းမှခွဲထွက်လာတာကြောင့် သူမအစ်မက သူမကိုမေးလိမ့်မည်။

သူမကတော့ သစ္စာဖာက်တွေနဲ့ ထပ်တွေ့ရန်မစီအစဉ်မရှိပေ။ သူမ လုရှုလန်ကို မြန်မြန်စာပြန်လိုက်သည်။

ထိုအချိန်မှာ ပန်ကိတ်လေးကတော့ ရှန်းရီ ရဲ့အကြည့်တွေကိုသတိမထားမိပေ။

CerealKiller: သေချာလား အစ်မ ။ ပြီးတော့ ကျွန်မ အစ်မအိမ်မှာရက်နည်းနည်းလာက်နေလို့ရလား ?

The Dark priestess:အာ! ဘာဖြစ်လို့လဲ ? နင်တို့နှစ်ယောက် ရန်ဖြစ်ပြန်ပြီလား ?

ကုန်းယီကျွင်းနဲ့သူမစတွဲကတည်းက သူတို့ရဲ့ပတ်သက်မှုကို သူမရဲ့အစ်မကတော့သိပ်သဘောမကျပေ။ သူမကောလိပ်တက်ကတည်းကမန်ကျောက်နဲ့သူငယ်ချင်းမလုပ်ရန် လုရှုလန်အမြဲပြောသည်။

လုချင်းယီ အရမ်းဝမ်းနည်းလာပြီး လုရှုလန်ရဲ့စာတွေကို ထပ်ပြီးမကြည့်နိုင်တော့။

တကယ်လို့ သူမသာမရူးမိုက်ခဲ့လျှင် ဒီလူယုတ်မာနှစ်ယောက်ရဲ့အကြံအစည်တွေကနေရှောင်ရှားနိုင်လိမ့်မည်။

CerealKiller: ညီမတို့ပြတ်သွားပြီ ။ အခုလောလောဆယ် ညီမနေဖို့ နေရာလိုတယ်။

The Dark priestess: ,...

CerealKiller : ကျွန်မ အရမ်းစိတ်ပျက်တယ် ၊အစ်မ။

The Dark priestess: ဘုရားရေ ၊ နောက်ဆုံးတော့.....!နင် အဲ့အကောင်ကို စောစောကတည်းကဖြတ်လိုက်သင့်တာ ။ သူကနင့်အပေါ် မကောင်းဘူး၊ ချင်းယီ။ နင် သူ့ထက်သာတာကိုရှာသင့်တယ်။

ရှုလန် ဘာပြောလဲဆိုတာ သူမနားလည်သည်။
ဒါဆို ကုန်းယီကျွင်းနဲ့ မန်ကျောက်အကြောင်းကို သူမအစကတည်းက သိနေတာလား?

CerealKiller: ရှုလန် ၊ ကျွန်မအပေါ် အမြဲကောင်းလို့ကျေးဇူးတင်ပါတယ်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now