၅၉။မင်းကို ပြန်ပြီး လက်ထပ်ချင်တယ်....

4.1K 473 1
                                    

့်'' ထတော့... ! ရှင် ထပ်ပြီး ပျင်းနေပြန်ပြီလား...''
သူမက ရှန်းရီရဲ့ ပုခုံးကို လှုပ်ခါလိုက်၏။ ဒါပေမယ့် သူက လုံးဝမထတော့ သူမက ကလေးတစ်ယောက်လို မျက်စောင်းထိုးလိုက်၏။

" ကိုယ် တကယ်မထချင်တာပါ.....ညနေကျရင်လည်း ပါတီပွဲတက်ရဦးမယ်လေ...ကိုယ့်ကို အနားပေးပါဦး......''

ဒီနေ့ရှိတဲ့ အစည်းအဝေးတွေကိုလည်း ဖျက်လိုက်၏။ညတုန်းကလည်း အရမ်းနောက်ကျမှ ပြန်ရောက်တာကိုး....

မနက်စာစားပြီးနောက် သူမက ရုပ်ရှင်ကြည့်နေတုန်း....ရှန်းရီ...၊ လုချင်းယီရဲ့ ပေါင်ပေါ်မှာ ခေါင်းတင်ကာ မှိန်းနေ၏။

သူမက ရုတ်တရက် ​ခေါင်းကို ငုံ့လိုက်ပြီး သူ့နှဖူးပေါ် ဝဲကျနေတဲ့ ဆံပင်လေးကို သပ်လိုက်၏။
ရှန်းရီရဲ့ မျက်လုံးတွေက မှိတ်ထားပြီး ကြည့်ရတာ အိပ်ပျော်နေပုံပင်။

နောက် တစ်နာရီလောက်ကြာတော့ သူနိုးလာ၏။ ဒါပေမယ့် သူက မထသေးဘဲ သူမရဲ့ ခါး​လေးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။ လုချင်းယီ တီဗွီ ပိတ်လိုက်ပြီး ဖုန်းကိုင်နေလိုက်သည်။

" ဘယ်အချိန်ထိ အိပ်နေဦးမှာလဲ....? "

" မင်းယောင်္ကျားကို  မသနားဘူးလား....၊  ကိုယ်က  မိန်းမဆီကနေ အချစ်တွေ အများကြီးလိုချင်နေတာ....!''
လုချင်းယီ နှုတ်ခမ်းကိုက်လိုက်၏။

" ရှင်..ထပ်အိပ်ချင်တယ်ဆိုရင်လည်း အိပ်ယာပေါ်မှာ သွားအိပ်...!''

" ကိုယ်က မင်းပေါင်ပေါ်မှာဘဲ အိပ်ချင်တာ...၊ မင်းပေါင်က ခေါင်းအုံး ထက်ကောင်းတယ်....''
ရှန်းရီ...သူမခါးကို ဖက်ထားရင်း ပြောလာ၏။

ထို့နောက်...လုချင်းယီ ၊ ဖုန်းထဲကနေ vedioကြည့်ရင်း ရယ်နေလေသည်။

" ဒီကြောင်လေးတွေက တော်တော်ရယ်စရာ ကောင်းတာပဲ...!''
သူမပြောလိုက်ကာ ဖုန်းကို ပိတ်လိုက်ပြီး သူ့ကို ကြည့်လိုက်၏။ သူမရဲ့ ဖုန်း wallpaper မှာရော lock screen မှာရော ကြောင်ပုံရှိနေတာကို သူတွေ့သွား၏။

" ဘာလို့ မိန်းကလေးတွေက ကြောင်ချစ်တာလဲ...?''
သူမေးလာ၏။

" သူတို့က အရမ်းချစ်ဖို့ ကောင်းတယ်လေ...!''
ရှန်းရီ ခေါင်းခါလိုက်ပြီး သူမရဲ့ ပေါင်ပေါ်ကနေ ထလိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now