၄၉။ သူဌေးကို ဘာအတတ်နဲ့များ ပြုစားလိုက်လဲ....?

4.1K 491 8
                                    

တွမ်ယုံက ရှန်းရီကို စတွေ့ကတည်းက သဘောကျခဲ့ပြီး အခုဆိုရင် အချိန်အတော်အကြာ ရှိနေပြီဖြစ်သည်။

ရှန်းရီက ဂေးဆိုတဲ့ သတင်းဆိုးတွေထွက်နေပေမယ့် သူမက..သူကို ကြိတ်ချစ်နေဆဲ.....ဝန်ထမ်းတွေရဲ့စကားကိုလည်း ဒိုင်ခံ ငြင်းနေဆဲပင်။

လွန်ခဲ့တဲ့ တစ်လတုန်းက ၊ ရှန်းရီ... ဒီကုမ္ပဏီရုံးခွဲရဲ့ လစဉ် လုပ်ဆောင်မှုတွေကို အကဲဖြတ်ဖို့ လာခဲ့သည်။ အဲ့ဒီအချိန်မှာ တွမ်ယုံတစ်ယောက် ရှန်းရီကို ဆွဲဆောင်ဖို့ ပြင်ဆင်တော့သည်။

အခုတစ်ခါလည်း ရှန်းရီ ထပ်လာမည်ဆို၍ သူမကြိတ်ပျော်နေပြီး သူမကိုယ်သူမ အစွမ်းကုန်ပြင်ဆင်လာရသည်။

ဒါပေမယ့် ရှန်းရီက အမျိုးသမီး တစ်ယောက်နဲ့ အတူလာပြီး ရင်းနှီးတဲ့ပုံစံရှိနေတော့ သူမ အရမ်းစိတ်ပျက်ရသည်။

နောက်ပြီး အဲ့ဒီအမျိုးသမီးက သူမကိုယ်သူမ လုချင်းယီလို့သာ မိတ်ဆက်ပြီး ဘာမှလည်းဆက်မပြောပေ။ ဝန်ထမ်းတွေကလည်း ရှန်းရီက ချောင်ဟဲနဲ့ မလာဘဲ ဘာလို့ လုချင်းယီနဲ့ လာလည်းဆိုပြီး မေးခွန်းထုတ်နေကြသည်။

ကုမ္ပဏီကိစ္စ ဆွေးနွေးတုန်းကလည်း သူမစိတ်လှုပ်ရှားလွန်းလို့ စကားတွေပါ ထစ်ကုန်၏။ ရှန်းယီနဲ့ လုချင်းယီက အရမ်းကပ်လွန်းနေပြီး  ဝန်ထမ်းတွေဆိုရင် ပြောစရာစကားတွေ ပျောက်ဆုံးကုန်သည်။ နောက်ပြီး လုချင်းယီက အစည်းအဝေးလုပ်နေတုန်း ဂိမ်းပါဆော့နေတော့ အားလုံးရဲ့ အကြည့်တွေက သူမဆီကျရောက်ပြီး ထေ့ငေါ့ကြလျက်....

" သူမကို သူဌေးရဲ့ မိန်းကလေးလို့ထင်လား...? "
တွမ်ယုံရဲ့ လက်အောက်..ဝန်ထမ်းတစ်ယောက်က ခဏနားတဲ့ အချိန်မှာ မေးလိုက်ခြင်းပင်။

" မဖြစ်နိုင်ပါဘူး....၊ သူဌေးက အရင်ကတည်းက ဘယ်မိန်းကလေးမှ စိတ်မဝင်စားတဲ့ဟာ...''
တွမ်ယုံရဲ့ လက်ထောက်ရွှမ်လင်က ဝင်ပြော၏။

" တကယ်လို့ သူဌေးက မိန်းကလေးတွေကိုသာစိတ်ဝင်စားရင် အရင်ဆုံး သဘောကျရမယ့်သူက အစ်မတွမ်ပဲ ဖြစ်ရမယ်....''

သူမရဲ့လက်ထောက်က မြှောက်ပင့်နေတော့ ဒေါသထွက်နေတာတွေ ပြေပျောက်လာရသည်။
ဒီကုမ္ပဏီမှာ သူမက ထက်မြက်ပြီး လှပတဲ့မိန်းကလေးဆိုပြီး လူသိများလှ၏။ နောက်ပြီး သူမက ရှန်းရီကို အရူးအမူးဖြစ်နေတာကိုလည်း အကုန်လုံးက သိထားကြပေသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now