၉၀။

3.2K 343 4
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

" ကိုယ်နေဟန်ထားကို ဂရုစိုက်....ကုန်းမနေနဲ့။
ဟုတ်တယ်...အဲ့လိုမျိုး... ဖြည်းဖြည်းလေးပြုံး...မိန်းမတစ်ယောက်မှာ အပြုံးက အရေးကြီးဆုံးပဲ...! "
မစ္စစ်ကျိုးက သူမကို မနက်ကတည်းက သင်ပေးနေပြီး လုချင်းယီတစ်ယောက် ခြေထောက်တွေပါ ခွေလဲချင်နေသည်။

ဒါပေမယ့် သူမရဲ့ အခြေအနေက အချိန်တိုအတွင်း တိုးတက်လာပေသည်။ မစ္စစ်ကျိုးနဲ့ ရှောင်လန်ကလည်း သူမအမှားလုပ်မိရင် စိတ်ရှည်ရှည်နဲ့ ပြန်လည် သင်ပြပေး၏။

သူမကတော့ ပန်းရောင်ဖျော့ ဂါဝန်တိုလေးနဲ့ သိမ်မွေ့ နူးညံ့ တဲ့ပုံပေါ်နေ၏။ သူရဲ့ ဆံနွယ်ကလည်း ကောက်လှိုင်းလေးတွေနဲ့ သေ သပ်လှပနေပြီး အခုလိုပြင်ဆင်လိုက်တော့လည်း သူမအသက်ထက် ပိုငယ်သွားသလိုပင်။

ရှောင်လန်နဲ့ မစ္စစ်ကျိုးက သူမကို လှပအောင် ပြင်ဆင်ပေးပြီး မှန်ကိုကြည့်မိတော့ သူမကိုယ်သူမ မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ သူမက ငယ်ငယ်လေးထဲက မလှပေ။ သူမရဲ့ ဝမ်းကွဲတွေကတော့ အစေခံရဲ့ သမီးနဲ့တူတယ်ဆိုပြီး လှောင်ပြောင်ကြသည်။

သူမရဲ့ အသွင်အပြင်က သိပ်မပြောင်းလဲပေမယ့် ဗီဒိုကြီးတစ်ခုလုံးတော့ ပြောင်းလဲသွား၏။
ဗီဒိုကြီးထဲမှာတော့ နာမည်ကြီးဒီဇိုင်နာတွေ ချုပ်ထားတဲ့ အင်္ကျီတွေ...အိတ်တွေနဲ့ အမျိုးမျိုးသော အလှအပပစ္စည်းတွေနဲ့ ပြည့်စုံနေလေ၏။ ဒီလိုပစ္စည်းတွေကို သူမတစ်ခါမှ မမြင်ဖူးပေ။

ရှန်းရီနဲ့ လက်မထပ်ခင်ကတည်းက ရှိခဲ့တဲ့ သူမရဲ့ ပုံတုံးတဲ့အဝတ်အစားတွေကို သိမ်းထားရလားဆိုပြီး မစ္စစ်ကျိုးကတော့ အပြစ်တင်နေလေရဲ့။

သူမဘဝကြီးက အခုလို ချက်ချင်းကြီး ပြောင်းလဲသွားတာကလည်း အံ့ သြစရာကြီးပါလား.....ဒါပေမယ့်လည်း ရှန်းမိသားစုဆိုတာကလည်း ဒီနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင်တွေကိုး...

မစ္စစ်ကျိုးက လုချင်းယီကို တင့်တယ်စွာ လမ်းလျှောက်တတ်အောင် သင်ကြားပေးနေတာကို ရှန်းညီအစ်ကိုက တိတ်တဆိတ်နဲ့ ကြည့်နေ၏။
ချင်းယီက ကျင့်သားမရ၍ အဆင်မပြေဖြစ်နေသည်။ အဲ့တာကို ရှောင်လန်က သူမလက်ကိုကိုင်ကာ သေချာလေ့ကျင့်ပေးနေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now