၁၀၂။

2.6K 350 2
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၀၂။

ဆန်းယူရင်းက သူတစ်ပါးအပေါ်.... ပြဿ      နာရှာတတ်တယ်ဆိုတာကို ဆန်းသခင်ကြီး သိထားသည်လေ.....ဒါပေမယ့် သူမက ဆန်းမိသားစုကဆိုပြီး ဘယ်သူကမှ ရန်မတုံ့ပြန်တတ်ကြပေ။

" မရဘူး....! ဒီလိုဖြစ်လို့မရဘူး....''
ဆန်းယူရင်း... ငိုကြွေးလာ၏။

" ကျွန်မသိတယ်...! ဒါက လုချင်းယီကြောင့်....!''

" ယူရင်း...!''
ဆန်းသခင်ကြီး အော်ဟစ်လာချေ၏။ သူ့သမီးက သူမရဲ့ ကံဆိုးမိုးမှောင်ကျတာအတွက် ချင်းအာကို စွပ်စွဲနေပြန်ပြီလား....? သူမသာ ချင်းအာကို ဒီလို ထိခိုက်အောင်မလုပ်ခဲ့ရင် ရှန်းရီလည်း တုံ့ ပြန်လိမ့်မှာမဟုတ်ဘူး.....

သူမအဖေက ရုတ်တရက် အော်လိုက်တာကြောင့် ဆန်းယူရင်း နောက်ဆုတ်မိသည်။

" နင်....ကိုယ့်အပြစ်ကို မသိဘူးလား...?.နောက်ပြီး နင့်ရဲ့ အပြစ်တွေနဲ့ မိသားစုတစ်ခုလုံးကိုပါ ဆွဲချဖို့ လာမကြိုးစားနဲ့......တစ်ခြားသူတွေကို...
ပြဿ      နာရှာတတ်တဲ့ နင့်ရဲ့ အကျင့်ကြောင့် အခုတော့ ဒုက္ခဖြစ်ပြီမလား.....ဘယ်သူ့ကိုမှလည်း တောင်းပန်လို့မရတော့ဘူး...... ဒီအတိုင်းသာဆို မိသားစုရဲ့ လုပ်ငန်းအားလုံးကို နင့်လက်ထဲ ဘယ်လိုလွှဲမလဲ....?''

ဆန်းသခင်ကြီးက သူ့ရဲ့သမီးကို အော်ဟစ်ပြီးတဲ့နောက်မှာ ဆုံးဖြတ်ချက်တစ်ခုချဖို့ အခန်းထဲကို ဝင်သွားတော့သည်။

ဆန်းယူရင်းတစ်ယောက် ကြောက်လွန်းလို့ ဒူးတွေပါတုန်နေသည်။ သူမ...ဘာဆက်လုပ်ရမလဲ....? ဒီအတိုင်းသာဆို သူငယ်ချင်းတွေကြားမှာလည်း မျက်နှာပျက်ပြီး ကုမ္ပဏီလည်း ကုန်းကောက်စရာမရှိ ဖြစ်တော့မည်။

-----------------

နောက်နေ့မနက်ရောက်တော့ လုချင်းယီ နိုးလာ၏။ သူမယောင်္ကျားက နိုးနှင့်နေပြီး မျက်နှာကျက်ကိုပဲ စိုက်ကြည့်နေသည်လေ......
သူမလှုပ်ရှားလာတာကို ရှန်းရီ သတိပြုမိသွားတော့ သူ့ရဲ့ လက်ဖဝါးနဲ့ သူမပါးကို ကိုင်လိုက်ပြီး လက်ဖဝါးနဲ့ ပွတ်သပ်နေလေ၏။ သူမက သူ့လက်ဖဝါးကို နှာခေါင်းနဲ့ ပွတ်သီးပွတ်သပ်လုပ်ပြီး နမ်းလိုက်တော့ ရှန်းရီပြုံးလာချေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now