၁၁၅။

2.2K 244 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၁၅။

နောက်နေ့နံနက်မှာတော့.....

ရှန်းရီနဲ့ လုချင်းယီတို့မနိုးခင်မှာဘဲ အမွှာလေးတွေက နိုးလာခဲ့သည်။ ယွီရန်က အပျင်းလိမ်လိုက်ကာ ချင်းယီရဲ့ လက်မောင်းထဲက ထွက်လိုက်ပြီး ချင်းယီကိုသာ ကြည့်နေ၏။ ယွီရန်ရဲ့ ဘေးမှာတော့ ဇီချန်က မျက်လုံးပွင့်လာကာ သူ့ညီမကို ကြည့်လိုက်ပြီး အန်တီချင်းချင်းကို မနှိုးဖို့ တိုးတိုးလေးပြောလိုက်၏။

ထို့နောက် လုချင်းယီက အခြားတစ်ဖက်ကိုလှည့်လိုက်ကာ အိပ်မောကျနေပြန်သည်။ ချင်းယီက ဟိုဘက်လှည့်သွားတော့ ယွီရန်...သူမရဲ့ အစ်ကိုဆီဘက် မျက်နှာလှည့်လာတော့ ရုတ်တရက် အန်ကယ်ရီ ကြည့်နေတာကို မြင်သွား၏။
သူမက တစ်ခုခုပြောဖို့ ပါးစပ်ဟနေတုန်း....ရှန်းရီက ခေါင်းခါကာ တိတ်တိတ်နေဖို့ အမူအယာနဲ့ပြောလာတာကြောင့် ယွီရန်တစ်ယောက် ရပ်တန့်သွားရသည်။

ယွီရန်လေးက ရှန်းရီရဲ့ အမူအယာကို သဘောပေါက်သွားတာကြောင့် သူမရဲ့ မျက်နှာမှာအပြုံးလေး ဖူးပွင့်လာ၏။ သူမက အိပ်ရေးဝနေပြီဖြစ်ပေမယ့် အန်တီချင်းချင်းရဲ့နားမှာ နောက်တစ်ကြိမ် ထပ်အိပ်လိုက်တော့သည်။

နောက်တစ်နာရီကြာပြီးနောက်......

လုချင်းယီ မျက်လုံးဖြည်းဖြည်း ပွင့်လာကာ သူမဘေးက နွေးထွေးတဲ့အနေအထား​ကြောင့် ပြုံးလိုက်၏။ အမွှာလေးတွေက သူမနဲ့ ရှန်းရီကြားမှာ အိပ်ပေမယ့် အခုတော့ သူမဘက်ကို လှည့်ပြီး သူမခန္ဓာကိုယ်ကို ဖက်တွယ်ထားကြသည်လေ.......ရှန်းရီကတော့ နိုးနှင့်နေပြီး လုပ်စရာရှိတာကို ကြိုတင်ပြင်ဆင်နေသည်။

.....

လုချင်းယီ....ကလေးတွေကို ပြင်ဆင်ပေးပြီးနောက် သူမလည်း ရေချိုး ပြင်ဆင်ပြီး ရှန်းရီနဲ့ ကလေးတွေအတွက် မနက်စာချက်ကျွေးဖို့ အောက်ထပ်ကို ဆင်းလာခဲ့သည်။
ဇီချန်က ဝက်သားဆားနယ်ခြောက်နဲ့ ကြက်ဥကြော်ကို စားချင်ပြီး ယွီရန်က ပန်ကိတ်ကိုပဲစားချင်သည်တဲ့လေ....

" မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား... ?''
ချင်းယီက မီးဖိုချောင်ထဲမဝင်ခင် ကလေးတွေအလစ်မှာ ရှန်းရီရဲနှုတ်ခမ်းပေါ်ကို အနမ်းတစ်ပွင့်ခြွေလိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now