၃၂။ Sun မိသားစုက သိုးမည်းလေး....

4.7K 548 4
                                    

ရှန်းရီရဲ့ လက်ထောက်ဖြစ်သူ ချောင်ဟဲက သူဌေးကို အိမ်မှာ သွားကြိုတော့ မျက်လုံးတို့ ပြုးသွားရသည်။ သူဌေးက မိန်းကလေးတစ်ယောက်ကို
ဖက်ထားသည်လေ။ လုချင်းယီ အကြောင်းကို
လွန်ခဲ့တဲ့သောကြာနေ့ ကတည်းက စုံစမ်းထားလို့ သိပေမယ့် ဒီလိုမျိုး သူဌေးနဲ့ အရမ်းရင်းနှီးလိမ့်မယ်လို့ မထင်ခဲ့မိဘူး။
ရှန်းမိသားစုပိုင်တဲ့ မိုးမျှော်တိုက်ကြီးဆီသို့ သူဌေးကို ကား မောင်းပို့ပေးပြီး ကားပါကင်ထိုးကာ သူဌေးနောက်ကနေ အပြေးလေး လိုက်လာရချေ၏။
ဓာတ်လှေကားထဲမှာ ရှိနေတုန်း ချောင်ဟဲတစ်ယောက် ရှန်းရီကို ဖျက်ကနဲ ကြည့်မိ၏။
သူဌေးက ဘာကြောင့် Sun မိသားစုရဲ့ မြေးမလေးကို မှ လက်ထပ်ရလဲဆိုပြီး သူအံသြနေ၏။
သူဌေးက Sun မိသားစုနဲ့  တတိယကမ္ဘာစစ်
ဖြစ်ဖို့ ရည်ရွယ်​နေတာများလား ?
သူ သိရသလောက်ကတော့ လုချင်းယီက Sun
မိသားစုရဲ့ လေးယောက်မြောက်သမီး ဆန်းမိန်ရှုဆီကနေမွေးတဲ့ တစ်ဦးတည်းသောသမီးဖြစ်ပြီး....
ဆန်းမိန်ရှုက မိသားစုရဲ့ အပယ်ခံ တစ်ယောက်ဖြစ်ခဲ့သည်။ မိသားစုက ရွေးချယ်ထားတဲ့သူကို ငြင်းပယ်ပြီး မိမိချစ်သူနဲ့ လက်ထပ်သွားကတည်းက Sunမိသားစုဟာ သူမကို လုံးဝလှည့်မကြည့်တော့ပေ။ ရှန်းမိသားစုနဲ့ Sun မိသားစုဟာ
မတည့်ကြဘူးဆိုတာ အံသြစရာ မရှိပါဘူး။
အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့်
မိသားစုနှစ်ခုဟာ ပြဿနာ လေးတွေရှိခဲ့သည်။
အဓိက ကတော့ စီးပွားရေးနှင့် အသင်းအဖွဲ့တွေကြောင့်ပင်။

ဓာတ်လှေကားပွင့်ပြီး ရှန်းရီက အပြင်ထွက်သွားတော့ ချောင်ဟဲက နောက်ကလိုက်ပြီး..

" ညနေ ၁နာရီမှာ မစ္စတာ လင်း နဲ့ တွေ့ဖို့ရှိပါတယ်...Amusing Plate Patisserie မှာပါ..''
ချောင်ဟဲ သွက်သွက်လေး ပြောလာ၏။
ရှန်းရီ ရုတ်တရက် ရပ်လိုက်ပြီး ချောင်ဟဲ ဘက်လှည့်လိုက်ကာ...

" Amusing Plate Patisserie...?''
(Patisserie ဆိုတာ အသားသွပ်မုန့် ဆိုင်ပါ)

ဒါက ချင်းချင်း အလုပ်လုပ်တဲ့ နေရာမလား..?
သူမက ဒီနေ့ နှုတ်ထွက်စာ သွားတင်မယ်လို့ ပြောသွားခဲ့တယ်​လေ။

" ဟုတ်ကဲ့ ၊ သူတို့က အဲ့မှာ တွေ့ဆုံမယ်လို့ပြောပာတယ်..နောက်ပြီး အဲ့နေရာကလည်း တတ်ဆိတ်ပြီး သီးသန့်ဖြစ်တဲ့နေရာပါ...''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now