၄၆။ မင်း ရင်ထဲမှာ နံပါတ်၁......

4.4K 525 31
                                    

ွ့ " ဝါး...ဝိုး... ဒီနေရာက အရမ်းကြီးတာပဲ... အရမ်းလည်းလှတယ်....'' သူမတို့ငှါးလာတဲ့ ကားလေးက မြို့တော် Hမှာရှိတဲ့ ရှန်းရီ ရဲ့ကုမ္ပဏီ ရုံးခွဲလေးထဲကို ဝင်လာတော့ သူမအံ့အားသင့်ပြီး အသံထွက်လာ၏။ ထို့နောက်သူမက ကားထဲကနေ အပြင်က ရှုခင်းကို ပြူးပြဲ ကြည့်လျက်.....

" ကျွန်မ..ဒီလိုနေရာမျိုးကို တစ်ခါမှ မရောက်ဖူးဘူး....''
သူမလို လူမျိုးက ဒီလိုခမ်းနားတဲ့ နေရာကို ရောက်လာရမယ်လို့ ဘယ်လိုထင်မိမှာလဲ...?

" ခဏနေကျရင် သွားကြည့်လေ....''
ရှန်းရီ ပြန်ဖြေလိုက်ပြီး ကားပါကင်ထိုးဖို့ ပြင်လိုက်၏။

" ရှေ့နားလေးမှာ ဝင်္ကဘာလေးတစ်ခုရှိတယ်...
သတ်မှတ်ထားတဲ့ အချိန်ထဲမှာ မင်း...ထွက်ပေါက်ကို ရှာတွေ့နိုင်မယ်လို့ ထင်လား...?''

" စိန်ခေါ်တာလား...?''

ရှန်းရီ... ကားစက်ပိတ်လိုက်ပြီး....

" မှန်တာပေါ့... ၊ ဒီလောင်းကြေးကို မင်းနိုင်ရင် မင်းတောင်းတာ ဘာပဲဖြစ်ဖြစ်ပေးမယ်....''

လုချင်းယီ...သူမရဲ့ မေးစေ့ကို ပွတ်သပ်လိုက်ပြီး..ဘာတောင်းရင်ကောင်းမလဲ စဉ်းစားနေသည်။

" ကောင်းပြီလေ...ကတိနော်...၊ ကျွန်မကို ဘာတောင်းရမလဲဆိုတာ စဉ်းစားရမယ့် အချိန်ပေးအုံး....''

" ဒါပေမယ့် အစားအသောက်လို့တော့ ထပ်မပြောပါနဲ့...''
ရှန်းရီ တီးတိုးပြောလိုက်ပေမယ့် လုချင်းယီ ကြားသွား၏။

" ရှင်...အဲ့လိုပြောလိုက်တာက ကျွန်မကို အကြံပေးလိုက်သလိုပဲ....''

သူတို့ရောက်တာနဲ့ ပထမဆုံးအစည်းအဝေးပွဲကိုစတင်ခဲ့ပြီး ....ထို့နောက် အမှားမရှိဘဲ ပြီးဆုံးသွားခဲ့သည်။ သူမက သူ့နောက်ကနေ တကောက်ကောက်လိုက်ရင်း လိုက်နှုတ်ဆက်နေရသည်။ အရမ်းလည်း ကြောက်နေပြီး သက်တောင့်သက်သာ မဖြစ်သလိုပါ ခံစားနေရသည်။
သူကရုတ်တရက် လမ်းလျှောက်နေရင်း ရပ်လိုက်ပြီး သူမကို စောင့်ကာ.... သူမ...သူ့ဘေးရောက်လာမှ သူမလက်ကို ဖမ်းဆွဲလိုက်၏။

" ဟေး....၊အရမ်းမကပ်နဲ့လေ....''
သူမက နှုတ်ခမ်းစူပြီး မကျေမနပ်ပြောလာ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now