၆၄။ အသားကင်တွေက ကိုယ့်အတွက်ပဲ...

4.1K 470 8
                                    

လုချင်းယီတစ်ယောက် ကားနောက်ခန်းမှာ ရှန်းရီနဲ့ အတူထိုင်ပြီး ပြုံးပျော်နေလေသည်။ သူမလက်ထဲမှာလည်း ဘာဂါ အလုံးကြီးတစ်လုံးကကို ကိုင်ထားပြီး ဘေးမှာက ဆိုဒါ ခွက်ကြီးတစ်ခွက် ရှိနေ၏။......
သူမက ဘာဂါကို တစ်ကိုက် ကိုက်လိုက်ပြီး...

အရမ်းစားကောင်းတာပဲ...! သူမ ဖြေးဖြေးချင်းဝါးပြီး အရသာကို ခံစားနေမိသည်။
အာ...၊ ပါတီပွဲမှာ ကျွေးတဲ့ အစားအစာထက်တောင် ကောင်းသေးတယ်....

အရင်ဦးဆုံး သူမဘေးမှာ ရှန်းရီရှိနေတဲ့အတွက် သူမအားရပါးရစားဖို့ တွန့်ဆုတ်နေမိ၏။ ဒါပေမယ့် ကိစ္စမရှိပါဘူး ဆိုပြီးသူမ စားတော့သည်။

ဘာဂါလေးက ပူပူနွေးနွေးလေး...။ လတ်ဆတ်တဲ့ ဆလပ်ရွက်တွေ... ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီကြောင့် အရသာက ပိုကောင်းနေသည်။ ပေါင်မုန့်ကို မွှေးနေအောင် မီးကင်ထားပြီး အသားပြားကလည်း ရှယ်....

သူမ စားနေချိန်မှာတော့ သူက သည်းခံပြီး သူမ စားပြီးချိန်ကို စောင့်နေ၏။
ရုတ်တရက် သူက အဝတ်အစားတွေ မ​ပေရအောင် သူမပေါင်ပေါ်မှာ လက်ကိုင်ပုဝါလေး ခင်းပေး၏။
အမလေး ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ....!

ဒါပေမယ့် သူမကတော့ အစားအသောက်ကိုပဲ ထပ်ပြီး ရွေးချယ်ရလိမ့်မည်။ သူမ ယောင်္ကျားလည်း သူ့ဟာနဲ့သူ အရသာ ရှိပုံ ပေါ်တာပါပဲ။ သူနမ်းလိုက်တဲ့အချိန်တိုင်း သူမတစ်ကိုယ်လုံး ထုံသလို ခံစားရပြီး ခြေချောင်းလေးတွေလည်း ကွေးသွားရသည်လေ....

အခုတော့ သူမ သူ့အနမ်းထက် ဘာဂါကိုပဲ ရွေးရလိမ့်မည်။ သူမ...အခုထိ ညစာမစားရသေးဘူး မဟုတ်ပါလား....

လုချင်းယီ... သူ့ကို ဖျက်ကနဲ့ကြည့်လိုက်တော့ သူစိုက်ကြည့်နေတာကို မြင်လိုက်ရသည်။ သူမ မသိသလိုနေပြီး ဆိုဒါတစ်ခွက် သောက်ချပြီးမှ..

" ဘာဖြစ်လို့လဲ....?''
သူမ မေးလိုက်၏။ ဒါပေမယ့် သူက ဘာမှ ပြန်မပြော။

သူမဗိုက်ပြည့်သွားတော့ ကျေနပ်နေမိသည်။
အာ...ဘဝဆိုတာ ဒါပဲ....။ ဒီလောက် အစားအသောက်ကောင်းတွေများတဲ့ လူ့ဘဝကြီးမှာ အဲ့လိုမှ မစားရင် လူဖြစ်ရှုံးသွားမှာပေါ့......

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now