၁၂၁။

2.3K 275 4
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၂၁။

" မထင်မှတ်ထားတဲ့ ပြဿ      နာလေးတွေ ရှိလာတာကြောင့် ကျွန်မတောင်းပန်ပါတယ်....''

လုချင်းယီ....ရှက်ရွံမှုကြောင့် ခေါင်းကို ငုံ့ထားလိုက်သည်။ သူမအဖိုး လာမယ်လို့လည်း လုံးဝ မထင်မှတ်ထားဘူးလေ....

" ကိုယ့်ကို တောင်းပန်စရာမလိုပါဘူး......ဒီလိုအခြေအနေမျိုးကို ကိုယ်နားလည်ပေးပါတယ်.....''
ရှန်းရီ.... သူမရဲ့ လက်မောင်းကို ကိုင်လိုက်၏။
သူမက အမဲရောင် ဂါဝန်လေးကို ဝတ်ထားပြီး သူမရဲ့ အသားအရေနဲ့ လိုက်ဖက်စွာ။ နောက်ပြီး သူမရဲ့ ဆံပင်အကောက်လေးကလည်း သူမမျက်နှာနဲ့ အရမ်းလိုက်ဖက်နေသည်။

" ကျွန်မမှာ...အဲ့လိုေ-ာက်မိသားစုရှိတယ်...''
လုချင်းယီ ရေရွတ်လာချေ၏။

ရှန်းရီရဲ့ လက်က ရုတ်တရက် ရပ်သွား၏။ ချင်းယီက ဒီလိုဆဲရေးတဲ့ စကားမျိုးကို တစ်ခါမှ မပြောဖူးတာကြောင့်ပင်။

"ဟင်....?''

" ကျွန်မအမေက အခက်အခဲတွေအများကြီးကို ရင်ဆိုင်ခဲ့ရတယ်......ဆန်းသခင်ကြီးက လုံးဝ ပစ်ပယ်ထားခဲ့တာလေ.......ကျွန်မအဖေက သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာ ရုတ်တရက် မတော်တဆဖြစ်တော့ ဆန်းသခင်ကြီးကို ကူညီပါဆိုပြီး  သွားတောင်းပန်ခဲ့တယ်....''

လုချင်းယီတစ်ယောက် သူမယောင်္ကျားကို အတိတ်ကအကြောင်းတွေပြောပြရင်း ရှိုက်ငိုကာ တစ်ကိုယ်လုံးတုန်ရီနေသည်။

" ကျွန်မအမေက အမြဲပြောတယ်....ကျွန်မက အမေ့ရဲ့ အသည်းနှလုံး... အဖေရဲ့ ပျော်ရွှင်မှုတဲ့လေ....အဲ့တာကြောင့် သူတို့ဘဝကို ​ပျော်ရွှင်မှုတွေ ​ပေးတဲ့အတွက် ကျွန်မနာမည်ကို ချင်းယီလို့ ပေးခဲ့တာ.....''
လုချင်းယီက သူမရဲ့ ယောင်္ကျားရှေ့မှာ မငိုချင်ပေမယ့် ခံစားချက်တွေကို မထိန်းနိုင်တာကြောင့် အတိတ်ကအကြောင်းတွေပြောကာ မျက်ရည်တွေ ကျလာပေသည်။

ချင်းယီက သူနဲ့ အကြည့်မဆုံအောင် မျက်နှာလွှဲလိုက်ပေမယ့် သူက သူမမျက်နှာကို ကိုင်ကာ စေ့စေ့ကြည့်ရင်း.....

" ကိုယ့်ဘဝထဲကို မင်းရောက်လာကတည်းက မင်းလိုချင်တဲ့ အရာအားလုံးကို ဖြည့်ဆည်းပေးဖို့ ကိုယ် စဉ်းစားထားပြီးသားပါ...အရင်က အကြောင်းတွေကို မေ့လိုက်တော့....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now