၁၁၇။
2.3K 244 0
❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၁၁၇။
အမွှာလေးတွေကလည်း တအားအဆော့သန်တာကြောင့် သူမ​ပြေးလွှားရင်း ထိန်းကျောင်းနေခဲ့ရသည်လေ...သူတို့လေးတွေက ခြောက်နှစ်သာသာပဲ ရှိသေးပေမယ့် အားအင်ပြည့်ဝပြီး သွက်လက်လှ၏။
သူတို့လေးတွေ အိပ်သွားပြီဖြစ်တာကြောင့် ချင်းယီလည်း ရေချိုးချင်ကာ သူမယောင်္ကျားနားမှာ အေးအေးချမ်းချမ်းနဲ့ အိပ်စက်အနားယူချင်နေလေပြီ။ သူမလည်း အချိန်မဖြုန်းတော့ဘူးဆိုပြီး ထလိုက်ကာ....
" ကျွန်မ ရေသွားချိုးလိုက်ဦးမယ်....''
" အကူအညီလိုသေးလား...?''
အာ...ဒီအရှက်မရှိတဲ့ မျက်နှာကို ရိုက်ပစ်ချင်လိုက်တာ....!
" ရတယ်.. မလိုဘူး....''
လုချင်းယီ....ရေပန်းအောက်မှာ အကြာကြီးရပ်နေဖို့ မရည်ရွယ်ပေမယ့် အဲ့လိုနေလိုက်တော့လည်း  ပင်ပန်းထားသမျှတွေ ပျောက်ကင်းသွားသလိုပင်။ ညအိပ်ဝတ်စုံဝတ်ဖို့ ဗီရိုကို ဖွင့်လိုက်တော့ သူမအကြည့်က မဒမ်ရှန်း ပေးထားတဲ့ လက်ဆောင်ဗူးဆီရောက်သွားပြီ....အကြာကြီး စိုက်ကြည့်နေမိသည်။
သူမယောင်္ကျားအတွက် ဒီဟာဝတ်ဖို့ အချိန်ရောက်ပြီလား....? သူမက ညအိပ်ဝတ်စုံကို ရရာဝတ်တတ်ပေမယ့် အခုတော့ ဝတ်ကြည့်လိုက်မယ်ဆိုပြီး ဗူးထဲက အင်္ကျီကို ထုတ်ကာ စွပ်ထည့်လိုက်တော့သည်။ ဒီည... သူမဘာဝတ်ဝတ် ကိစ္စမရှိဘူးလေ...ဒီညရဲ့ အဆုံးသတ်က ဘာလဲဆိုတာ သိထားတယ်မလား....
ရှန်းရီ..လက်တော့ပ်တစ်လုံးနဲ့ စာကြည့်ခန်းထဲက ထွက်လာကာ အမွှာလေးတွေရဲ့ အခန်းထဲကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် စိတ်အားထက်သန်စွာနဲ့ အိပ်ခန်းဆီကို လှမ်းလာခဲ့တော့သည်။
စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now