၁၁။ ကိုယ် ဖရဲသီး ကြီးကြီးတွေ မကြိုက်ဘူး.

6.2K 695 14
                                    

၁၁။

ပျော်ရွှင်နေတဲ့ စုံတွဲတစ်တွဲက ဘားရဲ့အလယ်ကိုလျှောက်သွားတော့ လူတွေက  ထိုစုံတွဲကို ကောင်းချီးသြဘာပေးနေကြသည်။ထို  မြင်ကွင်းကို လုချင်းရီ ကြည့်နေ၏။ ကောင်လေးက ကောင်မလေးကို လက်ထပ်ခွင့်တောင်းတော့ ကောင်မလေးက ပျော်ရွှင်စွာနှင့်ပင် လက်ခံလိုက်၏။

လူတွေက သူတို့ကို ချီးမြှောက်ကြတယ်၊ လက်ခုပ်တီးကြတယ်၊ ပြီးတော့ နောက်လာမယ့် လက်ထပ်ထိမ်းမြားခြင်းအတွက်လည်း ဂုဏ်ပြုကြသည်။

ဒီညအတွက် ၇ခွက်မြောက်သောက်ပြီးနောက်.. လုချင်းရီ မဟန်တော့ပြီ။ သူမရဲ့ခေါင်းကိုခါလိုက်ပြီး လက်ခုံနှင့် သူမ၏နှုတ်ခမ်းကို သုတ်လိုက်သည်။

" ရှင်... အဲ့တာကိုယုံနိုင်လား? အေ့ ။

ကျွန်မရဲ့ ရည်းစားက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ လိင်ဆက်ဆံသည်တဲ့! '' သူမ ခါးသီးစွာ ရယ်လိုက်သည်။

အဲ့ဒီမြင်ကွင်းကို သူမအခုထိ မမေ့နိုင်သေးပေ။

" ယုံပါတယ် ၊ ယုံပါတယ်.. အချစ်ကလေး ။ မင်း..ဒီတစ်ညလုံး အဲ့ဒီအကြောင်းပဲ ပြောခဲ့ပြီးပြီးလေ '' ရှန်းရီ.. အရက်ခွက်ကို သူမရဲ့ အဝေးသို့ တွန်းလိုက်သည်။

သူမက ရှန်းရီရဲ့ ဘေးမှာထိုင်နေပြီး သူမရဲ့ ခြေထောက်နှစ်ချောင်းက သူ့ရဲ့ပေါင်ပေါ်မှာ ကန့်လန့်ဖြတ်ရှိနေ၏။ သူမရဲ့ အချိုးအစားညီလှတဲ့ ပေါင်တံလေးတွေကတော့ သူ့အတွက် မျက်စိ ပသာဒဖြစ်စရာပင်။

" စိုက်ကြည့်နေတာကို..ရပ်လိုက်တော့!'' လုချင်းရီ..သူ့ကို ဆက်ကနဲကြည့်လိုက်သည်။

" ဘာ! ''

" ရှင်က... နှာဘူးကောင်လိုပဲ !''သူမကိုယ်သူမ ရေရွတ်လိုက်ပေမယ့် ရှန်းရီကတော့ ကြားလိုက်၏။ သူမရဲ့ ပြာယာခတ်နေတဲ့ပုံကိုကြည့်ပြီး..သူရယ်လိုက်သည်။

" ကဲ.. ပြောပါဦး ၊ ဘယ်နေရာကို ကြည့်သင့်လဲ?'' ပြီးနောက် သူ့ရဲ့အကြည့်က သူမရဲ့ ရင်သားဆီကိုရောက်သွား၏။

သူ့ရဲ့မျက်လုံးတွေကို ရပ်လိုက်တဲ့နေရာကိုကြည့်လိုက်တော့...
လုချင်းရီ ...
သူမရဲ့ရင်သားကို လက်နှစ်ဖက်လုံးနှင့် ကာလိုက်ရ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now