၁၁၆။

2.3K 272 4
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၁၆။

ရှန်းရွှီတစ်ယောက် အံ့ သြမှင်တက်လို့နေသည်။
ငါ့ကို ရန်လာစတာလား....? အင်း....ရန်မဖြစ်ရတာကြာလို့ ....ရန်ဖြစ်ချင်ပြီနဲ့တူတယ်...ငယ်ငယ်တုန်းက စကားများပြီး ရန်ဖြစ်ခဲ့တဲ့ အချိန်ကိုတော့ လွမ်းသား.....

ရွှီက ကြက်ဖင်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်၏။ ဒီကိစ္စ သေးသေးလေးနဲ့ မရီးရှေ့မှာ ရန်မဖြစ်ချင်ဘူးဆိုပြီး သူ့အစ်ကို စတာကို ဂရုမစိုက်သလိုနေလိုက်သည်။

ရွှီက သူ့မရီးကို ...Silver Leafမှာ သွားမသင်ဘဲ စားသောက်ဆိုင်ဖွင့်ဖို့ အကြံပေးရင်ကောင်းမလားဆိုပြီး စဉ်းစားလိုက်သေးသည်။ မရီး...Slilver Leafဆီ...သွားမယ့်အချိန်ကို တွေးတောင် မတွေးကြည့်ချင်ဘူး... မရီးက အဲ့ဒီကိုသွားရင် သူနဲ့ သူ့အစ်ကို ရှေ့ရေးကတော့ သွားပြီပဲ...!

စားသောက်ပြီးသည့်နောက် အကုန်လုံး စကားပြောလိုက်...ရယ်လိုက်နဲ့ ပျော်ရွှင်နေကြသည်။ ရွှီက ထိုင်ခုံကို မှီလိုက်ပြီး သူ့ရဲ့ ဖောင်းကာနေတဲ့ ဗိုက်ကို ပွတ်လို့နေ၏။ သူ့အခန်းကို သူသွားတော့မယ်ဆိုပြီး မတ်တပ်ရပ်လိုက်တော့ ရှန်းရီက ရွှီရဲ့ ပုခုံးကို တွန်းပြီး ပြန်ထိုင်ခိုင်းလိုက်သည်။

" ဘာလဲ...?''

" စားထားတဲ့အတွက် တန်ရာတန်ကြေး...''
ရှန်းရီက အေးစက်တဲ့ အသံနဲ့ ပြောလာ၏။

ရှန်းရွှီ မျက်မှောင်ကြုတ်လိုက်၏။ သူ့အစ်ကိုက မရီးကို ကူညီစေချင်တာမလား...? ဒါမှမဟုတ်...ဘာကို ပေးရမှာလဲ...?

" သွား...ပန်းကန်သွားဆေး...! မင်း အစ်မက ကလေးတွေ အိပ်​အောင် လုပ်ရဦးမယ်....ပန်းကန်ဆေးဖို့ အချိန်မရှိဘူး...!''

" ဘာ...! ?''

ဘေဇင်က ဆေးရမယ့် ပန်းကန်တွေကြည့်ပြီး ရှန်းရွှီမျက်နှာ ဖျော့တော့သွား၏။ သူ့အစ်ကိုက ဘာကြောင့်အိမ်ဖော်မခေါ်ဘဲ မဒမ်ဂျင်နဲ့ မရီးကိုသာ ခိုင်းနေရလဲဆိုပြီး ရှန်းရွှီ အံ့ သြနေမိသည်။
ဒါဆို သူ့အစ်ကိုက  အိမ်မှာ ပိုက်ဆံမပေးရတဲ့သူတွေပဲ ထားထားတာပေါ့...! မဒမ်ဂျင်က သူ့အဖွားရဲ့ လူရုံဖြစ်၍ ငွေရေးကြေးရေးကို သူ့အဖွားသာ ဖြေရှင်းပေးသည်။ နောက်ပြီး မဒမ်ဂျင်က အိမ်မှာအမြဲ မရှိနေဘူးလေ....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now