၄၅။ ကိုယ် ....အခု မင်းကို နမ်းလို့ရလား...?

4.6K 527 11
                                    

ိ်ံ်​နောက်နေ့မနက်ကတော့ ဒီလက်ထပ်ထားတဲ့ စုံတွဲအတွက် နည်းနည်း ကို့ရို့ကားယားနိုင်လိမ့်မည်။

တိတ်ဆိတ်လှတဲ့ မနက်ခင်းလေးမှာ နှိုးစက်နာရီက ကျယ်လောင်စွာအသံထွက်လာတော့ လုချင်းယီ အိပ်ပျော်နေရာက နိုးလာခဲ့သည်။ ထုံးစံအတိုင်း အပျင်းတစ်ပြီး နွေးထွေးလှတဲ့ စောင်ထဲကို တိုးဝင်လိုက်သည်။ ဒါပေမယ့် တစ်ခုခု မူမမှန်တာကို သိလိုက်ရတော့ သူမ....မျက်တောင် ပုတ်ခတ်မိလိုက်၏။ ထို့နောက် သူမလက်က ရှန်းရီနဲ့ သူမကြားမှာ ရှိတဲ့ ခေါင်းအုံးကို စမ်းလိုက်သည်။
သူမ စိတ်ရှုပ်ထွေးစွာနဲ့ ထဖို့ပြင်လိုက်ပေမယ့် သူမခါးမှာ တစ်ခုခုဖိထားသလို ခံစားလိုက်ရသည်။
ရုတ်တရက် ရှန်းရီရဲ့ မျက်နှာကို မြင်လိုက်ရတော့ သူမ...နှလုံးသားလေးက တုန်ခါသွားရသည်။ သူမ ဘယ်ကတည်းက သူ့ဘေးမှာ လာတိုးအိပ်နေမိတာပါလိမ့်...?
သူက အိပ်မောကျနေပြီး အသက်ရှူလိုက်တိုင်း ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေတာကို သူမ...အကြည့်မလွှဲနိုင် ဖြစ်နေ၏။ သူက သူ့ခေါင်းအုံးမှာ အိပ်နေပြီး စောစောတုန်းက သူမက...သူ့ခေါင်းအုံးမှာ သွားတိုးအိပ်သည်တဲ့လေ။
မနေ့ညတုန်းက သူတို့ကြားမှာ ခံထားတဲ့ ခေါင်းအုံးဟာလည်း ယိုယွင်းနေပြီး ရှန်းရီပဲ လုပ်လိုက်တာလားဆိုတာတော့ သူမလည်း မသိပေ။
သူမ ကုတင်ပေါ်က ဆင်းလာလိုက်ပြီး ရှန်းရီကိုလည်း အနှေင့်အယှက်မပေးတော့....

ထို့​နောက် သူမ မျက်နှာသစ်လိုက်ကာ မနက်စာ မှာလိုက်ပြီး ရှန်းရီကို နှိုးဖို့ အိပ်ခန်းထဲကို ဝင်လာခဲ့သည်။

" ရှန်းရီ....၊ထတော့... မနက်စာစားရအောင်. .!''
လုချင်းယီ အိပ်ယာဘေးကို သွားလိုက်ပြီး သူ့ပုခုံးကို လှုပ်ကာ နှိုးလိုက်၏။
ရှန်းရီ မျက်လုံးတစ်ဖက်ပွင့်လာပြီး အိပ်မှုံစုံဖွားနဲ့ သူမကို ကြည့်လိုက်သည်။ ထို့နောက် သူ့ရဲ့ လက်မောင်းက သူမခါးပေါ်ရောက်လာပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့....

" ရှန်းရီ....!''
သူမကတော့ သူ့ရဲ့ လက်ထဲကနေ ရုန်းကန်လျက်...

" ငါးမိနစ်လောက်.... ''
သူက သူမရဲ့ လည်တိုင်နားမှာ ကပ်ပြောတော့
သူမမျက်နှာလေး ရဲသွားပြန်သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now