၃၀။ ကျွန်မက တစ်ချိန်လုံး ဝမ်းနည်း ပြီး ငိုနေရမှာလား....?

4.8K 554 5
                                    

သူမမှာသာ ရွေးချယ်စရာ ရှိခဲ့ရင် အဲ့ဒီနေရာကို လုံးဝ ထပ်သွားလိမ့်မှာ မဟုတ်ပေ။ အဲ့ဒီ သစ္စာဖောက်တွေကို ထပ်တွေ့ရတာထက် အိမ်မှာနေပြီး
ရှန်းရီ ပြန်လာမှာကို သာ စောင့်နေချင်သည်။
သူတို့နဲ့ တွေ့ရင် ဘယ်လို ရင်ဆိုင်ရပါ့မလဲ...?

လုချင်းယီ....သူမရဲ့ကားအသစ်လေးကို ညာဘက်ကွေ့လိုက်ပြီး ကားပါကင်ထိုးရန် နေရာရှာလိုက်သည်။ သူမအတွက် ကိုယ်ပိုင်ကားကို မလိုအပ်ဘူးလို့ပြောပေမယ့် ရှန်းရီက သူ့ရဲ့ နောက်ဆုံးပေါ်ကားအသစ်တစ်စီးကို အတင်းထုတ်ပေးလေသည်။ ရှန်းရီက သူမအတွက် ဒီလို စီစဉ်ပေးတာကို ကုန်းယီကျွင်းမြင်ရင် သွေးပွက်ပွက် အန်လိမ့်မည်။ကားပါကင် ထိုးပြီးနောက် ကားကို စက်ပိတ်လိုက်ပြီး သူမကိုယ်သူမ ပြင်ဆင်လိုက်သည်။ သူမက အရင်တုန်းကထက် ပိုကြည့်ကောင်းလာတာတော့ အမှန်ပဲ။
ထို့နောက် သူမရဲ့ အမဲရောင် အပြင်ခံ အင်္ကျီကို ယူလိုက်ပြီး ကားထဲကနေထွက်လာလိုက်သည်။
ကားပါကင် တစ်လျှောက်ထွက်လာတော့ အရင်တုန်းက အလုပ်တွေနဲ့ ရုန်းကန်ခဲ့ရတဲ့အချိန်တွေကိုတောင် သတိရသွားသည်။

ရုတ်တရက် သူမရဲ့ ဖုန်း...အဆက်မပြတ်တုန်ခါနေတော့ အိတ်ကပ်ထဲက နှိုက်ယူလိုက်၏။
မက်ဆေ့တွေကို ဖတ်ကြည့်တော့ သူမမျက်လုံးတွေ ပြူးကျယ်လာရပြီး သူမကိုယ်သူမလည်း ကျိန်ဆဲမိသည်။

'ဘုရားရေ...လွန်ခဲ့တဲ့ အပတ်ထဲက ရှုလန်ပြန်ရောက်နေတာကို ငါ တကယ်မေ့နေတာပဲ..'
ရှုလန်ဆီကနေ မဆုံးနိုင်တဲ့ သြဝါဒတွေကို ကြားရတော့မည်။ အရင်အပတ်တွေထဲက ရှန်းရီသာ
စိတ်အနှောင့်အယှက်တွေ မပေးဘူးဆိုရင် သူမရဲ့ ဝမ်းကွဲအစ်မနဲ့ ချိန်းထားတာကို မေ့မှာ မဟုတ်။
အခုတော့ လုရှုလန်ရဲ့ ဒေါသ တွေနဲ့ ရင်ဆိုင်ရတော့မည်။
သူမရဲ့ ဝမ်းကွဲ အစ်မဆီကို မြန်မြန်စာပြန်လိုက်ပြီး အရင်က သူတို့နှစ်ယောက် သွားဖူးတဲ့ ကော်ဖီဆိုင်မှာ တွေ့ရန် ချိန်းလိုက်၏။

.............

လုချင်းယီ....ကော်ဖီဆိုင်ထဲကို ဝင်သွား၏။
ထို့နောက် ထိုင်ခုံတွေမှာ လိုက်ကြည့်လိုက်တော့.....တွေ့ပါပြီ...။

" လု...ချင်း..ယီ...!''

"ပြီးခဲ့တဲ့ အပတ်ထဲက နင်...ဘယ်တွေကို သွားနေတာလဲ..? ငါ့ကို အကြာကြီးလည်းစောင့်ခိုင်းထားတယ်...! နောက်ပြီး ဖုန်းခေါ်ရင်လည်း
ဘယ်တော့မှ မကိုင်ဘူး...''
သူမက လုရှုလန်နဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်တော့ ရှုလန်က မကျေမနပ် ပြောလာ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now