နောက်နေ့မနက်ရောက်တော့ ....
လုချင်းယီ.... အိပ်ရာက နိုးလာကာ သမ်းဝေလိုက်ပြီး အကြောဆွဲလိုက်၏။ အိပ်ယာပေါ်မှာ...ရှန်းရီလည်း မရှိနေပေ။ ဘယ်အချိန်ရှိနေပြီလဲ....ဘယ်လိုပြန်ရောက်လဲဆိုတာလည်း သတိမရတော့။
သူမ ဧည့်ခန်းဘက်ကို ထွက်လာတော့ အလုပ်သွားဖို့ ပြင်ဆင်ပြီးနေတဲ့ ရှန်းရီကို တွေ့လိုက်ရသည်။" မင်း....ဒီနေ့ ကုမ္ပဏီကို မသွားနဲ့တော့....''
ရှန်းရီက အင်္ကျီလက်ကြယ်သီးကို တပ်နေရင်း ပြောလိုက်၏။" ဒါပေမယ့် မနက်ဖြန် ပါတီသွားဖို့အတွက် ဈေးဝယ်ထွက်ပေးနော်....''
" ပါတီ...?''
လုချင်းယီ မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်၏။" ဟုတ်တယ်....၊ မနက်ဖြန်ညမှာ ပါတီပွဲရှိတယ်...အဲ့တာ မင်းကိုပါ ခေါ်သွားမလို့....''
" ဟင်..? ကျွန်မတို့ အတူသွားလို့ အဆင်ပြေပါ့မလား....၊ အရမ်းမမြန်နေဘူးလား....? "
" ချင်းယီ...၊ဘာမှမဖြစ်ပါဘူး....ကိုယ်တို့ အတူသွားရအောင်နော်....''
" ကောင်းပြီလေ....''
သူမက အနားရလို့ဆိုပြီး ပျော်နေတာလေ....သူက အလုပ်တာဝန်တွေ ပေးသွားတာတဲ့လား....." ဘာတွေ ဝယ်ခဲ့ရမလဲ...?''
" ကိုယ်တို့နှစ်ယောက်အတွက် သင့်တော်တဲ့ ဝတ်စုံတွေဝယ်ခဲ့ပေး....၊ နောက်ပြီး မင်းကြိုက်တာတွေ ဝယ်ပေါ့..... အိတ်တွေဘာတွေလဲ ကြိုက်ရင် ဝယ်ခဲ့လေ.......ကိုယ်ကတော့ မင်းစီမံနိုင်တယ်လို့ ထင်တာပဲ....''
ရှန်းရီက သူမကို ဆိုင်နာမည် ကဒ်ပြားပေး၏။
သူမကတော့ ရှန်းရီကို အဲ့ဒီဈေးကြီးတဲ့ဆိုင်ရဲ့ VIPတစ်ယောက်လို့သာ မှတ်ယူလိုက်တော့သည်။" ကိုယ်တို့ရဲ့ ညစာအတွက် ပြင်ဆင်ပေးနိုင်မလား....? ကိုယ် ဒီည.... မင်းနဲ့ အတူ ရှိနေချင်တယ်...''
လုချင်းယီ စိတ်ရှုပ်ထွေးသွား၏။ သူ့စကားကြီးက ဘယ်လိုကြီးလဲ...?
ရှန်းရီ....တံခါးဆီကို သွားနေရင်း ရပ်လိုက်ပြီး....
" ချင်းယီ....၊ မနေ့ညတုန်းက..... မင်းပြောတာ တကယ်နော်....?''
သူ့ရဲ့ အမေးကို ကြားတော့ သူမမျက်လုံးပြူးသွားရသည်။ မနေ့ညတုန်းက အိပ်မပျော်ခင် သူမ ပြောထားခဲ့တယ်ဆိုတာကို သတိရသွားတော့
သူမကိုယ်သူမ ပြန်ထိန်းချုပ်ရင်း....
YOU ARE READING
စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁) ( ဘာသာပြန်- Zawgyi +Unicode)