၂၃။ သူမရဲ့ စိတ်အနှောင့်အယှက်ပေးသော ယောင်္ကျား....

5.4K 586 20
                                    

မနက်ခင်း နေရောင်ခြည်က ပြတင်းပေါက် ကနေ ထိုးဝင်လာတော့ သူမရဲ့လက်တစ်ဖက်နှင့် မျက်နှာကို ကာလိုက်ပြီး နောက်လက်တစ်ဖက်က အိပ်ရာစကို တင်းတင်းဆွဲထားရင်း
ငိုက်မြည်းနေ၏။

ရှန်းရီရဲ့ အိမ်ကို သူမပြောင်းလာတာ အခုဆိုရင် နှစ်ရက် ရှိသွားပြီ။ သူ့ရဲ့ ဇနီးအဖြစ် သူမရဲ့ ဘဝသစ်ကြီးကို နေသားကျအောင် ကြိုးစားနေရတုန်း။

သူတို့ရဲ့ လက်ထပ်ထားတဲ့ စုံတွဲတွေအဖြစ် စတင် တဲ့ ပထမနှစ်ရက်မှာတော့ ရှန်းရီက သူမရဲ့ အထုပ်အပိုး ဖြည်ရာတွင် ကူညီပေးခဲ့ပြီး စနောက်ရင်းကုန်ဆုံးခဲ့သည်။
သူမက ရှန်းရီကို လုပ်ငန်းတွေမှာပဲ စီစစ်သေချာတယ်လို့ ထင်ခဲ့တာ။
ဒါပေမယ့် သူမ ရေချိုးခန်းထဲ ဝင်သွားတုန်း သူမရဲ့ အတွင်းခံအကြောင်း မေးမြန်းလိမ့်မယ်လို့ ဘယ်လို ထင်မိမှာလဲ?

" ဘာလို့ မင်းမှာ ရိုးရိုး ချည်သား တွေပဲ ရှိရတာလဲ? ဇာနဲ့ ဖြစ်ဖြစ်၊ ဖန်စီကျတဲ့ဟာ ဖြစ်ဖြစ်မရှိဘူးလား? (ဘာလဲ ယူဝတ်မလို့လား လူပျိုကြီး 😌) မင်း အတွင်းခံဆိုင် သွားဖို့ လိုလား?
ငါလိုက်ပေးမယ် "
သူမရဲ့ အတွင်းခံ တစ်ထည်ကို ကိုင်းရင်း
ရှန်းရီ ပြောလာသည်။

နောက်ဆုံးတော့ ရှန်းရီရော သူ့ရဲ့ ခွေးတွေပါ အခန်းထဲက ကန်ထုတ်ခံရပြီး သူမရဲ့ အခန်းထဲကို
ခွင့်ပြုချက်မရှိဘဲ မဝင်ရန်ပါ သတိပေးခံလိုက်ရတော့သည်။
...........

" မောနီး... ၊ မိန်းမ...''

ချက်ချင်း...သူမရဲ့ မျက်လုံးတို့ ပွင့်သွားရချေ၏။
သူမရဲ့ ဘေးကနေ ရင်းနှီးတဲ့ အသံကို ကြားလိုက်ရတာကြောင်ပင်။ သူမရဲ့ ခေါင်းကို လှည့်ကြည့်လိုက်တော့ ထင်တဲ့ အတိုင်း...
ရှန်းရီက သူမရဲ့ ဘေးမှာ လဲလျောင်းနေပြီး
ပြုံုး ဖြီးဖြီးနှင့် စိုက်ကြည့်နေ၏။

" ရှန်းးးရီ...! WTF.!....ရှင် ဒီမှာ ဘာလုပ်နေတာလဲ?. .''သူမ စူးစူးဝါးဝါး အော်လာ၏။
သူမ ထဖို့ ကြိုးစားလိုက်ပေမယ့် ရှန်းရီက သူမအပေါ် အုပ်မိုးလိုက်ပြီး သူမရဲ့ လက်တွေကို ချုပ်တည်းထာလိုက်သည်။

" ချင်းယီ....၊ ကိုယ့်ကို မင်္ဂလာဦးညအဖြစ် ဘယ်တော့ ပေးမှာလဲ ?''
ထို့နောက် သူ့ရဲ့ နှုတ်ခမ်းက သူမကို အသံမထွက်အောင် ပိတ်ပစ်လိုက်တော့သည်။
သူမက သူ့ရဲ့ အောက်မှာ ရှိနေတဲ့အတွက် သူ့ကိုယ်ရဲ့ ကိုယ်အလေးချိန်နဲ့ ပိမိသလို ခံစားနေရသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now