အပိုင်း ၁၀၇။

2.6K 298 6
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၀၇။

" ငါတို့ကို ဘယ်လိုတောင် စော်ကားရဲတာလဲ....? နင့်ကိုနင် ဘာမှတ်နေလဲ....?''
ရှန်းရီနဲ့ ချင်းယီတို့အကြောင်းကို အတင်းတုပ်နေတဲ့ အမျိုးသမီးက ရှားယုဟန်ရဲ့ စကားကြောင့် ဆက်ဆက်ထိမခံဖြစ်ကာ ပြန်လည်ချေပလာ၏။

" အမလေး.... ဘယ်ကအရူးမလဲ...? ဘာမှမပြစ်မရှိတဲ့ လူနှစ်ယောက်ကို သက်သက်မဲ့ စော်ကားနေတာကို ငါကြားတာပဲ.....ပြန်တောင်းပန်စမ်း....!''
ရှားယုဟန်က ပြန်ပြောလာချေ၏။

" အဲ့တာ ရှားယုဟန်မလား...? သူ့စကားတွေက အချက်ကျလိုက်တာ....''
ရှောင်လန်က စကားစတော့ ချင်းယီက ရှောင်လန်ရဲ့ လက်မောင်းကို ကိုင်လိုက်၏။ ရှားယုဟန်က ဘယ်လိုဖြစ်လို့ ပြန်ရန်တွေ့နေတာလဲ....? သူမလည်း အဲ့လိုခံစားနေရတယ်မလား....?
ဆေးများ သောက်မှားသွားလား...?

" ကျွန်မလည်း မသိဘူး....ဒီနေရာမှာ သူမရောက်နေတော့ ကျွန်မလန့်သွားတာ....''
ချင်းယီက တိုးတိုးလေး ပြော၏။

" ပါးစပ်ပိတ်ထား...! ထွက်သွားစမ်...! ဒီနေရာက နင့်လိုလူမျိုးနဲ့ တန်လို့လား...၊ ဆိုင်မန်နေဂျာကို ခေါ်ပေးစမ်း...!''
ထိုအမျိုးသမီးက အရောင်းဝန်ထမ်းကို အမိန့်ပေးကာ မန်နေဂျာကို ခေါ်ခိုင်း၏။

လုချင်းယီတစ်ယောက် ရှားယုဟန်ဘက် လှည့်မကြည့်ရဲပေမယ့် ရှားယုဟန်... ဒုက္ခဖြစ်မှာတော့ စိုးရိမ်မိသား....

" ဒီမှာ မိန်းကလေးတွေ ....နင်တို့ ပြဿ      နာ လာရှာတာလား...?''
ရှားယုဟန်က စောစောက ပြောတဲ့ မိန်းကလေးကို နံရံထောင်ကပ်လိုက်ကာ သူမလက်သည်းနဲ့ ချိန်ရွယ်လျက်......

" နင့်ကိုနင် အဆင့်အတန်းတော်တော်မြင့်နေပြီလို့ ထင်နေတာလား...တစ်ကိုယ်လုံး အတုကြီးပဲ ဝတ်ထားပြီးတော့....အော်.... ကြည့်စမ်းပါဦး...နို့လည်း အတုပဲနော်....''

ရှောင်လန်နဲ့ ချင်းယီလည်း ရယ်ချင်နေတာကို ထိန်းထားရသည်။ ရှားယုဟန်ပြောသွားတာလည်း  အမှန်တွေကြီးပဲမလား....

အတင်းတုပ်တဲ့ အဖွဲ့ထဲက တစ်ခြားနှစ်ယောက်က ရှားယုဟန်ကို ညစ်ပတ်တဲ့ အကြည့်နဲ့ ကြည့်လာပြီး သူမကို ဆိုင်ထဲကနေ ဆွဲထုတ်ဖို့ ပြင်လိုက်ကြသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now