၄၇။ သူမကို သွားဆွဲဆောင်နေတယ်....

4.1K 495 3
                                    

  " အမလေး...၊ ဘယ်သူနဲ့မှ ဒိတ်မလုပ်ရဘူးလို့သာ ပြောလိုက်ပါတော့....!''
လုချင်းယီ ရယ်လာသည်။

သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုပြောင်းလဲလာတာကိုတော့ လုချင်းယီ သတိထားမိပါတယ်...
ဒါပေမယ့် အဲ့တာက ကောင်းတာလား...ဆိုးတာလားဆိုတာကိုတော့ သူမလည်းမပြောနိုင်သေးပေ။ ရှန်းရီက သူမနဲ့ စကားပြောရင်သာ  အရှက်မရှိတဲ့စကားလုံးတွေနဲ့ပြောပေမယ့် သူမအပေါ်နားလည်ပေးနိုင်သည်။
ဟင်....
အဲ့ဒီအနမ်းလေးက သူမစိတ်ထဲမှာ စွဲထင်နေပါလား....
'မရဘူး...လုချင်းယီ....အဲ့ဒီအတွေးတွေကို ထုတ်လိုက်စမ်း....!'
သူမကိုယ်သူမ ဆုံးမနေရသည်။

ဒါမှမဟုတ်...သူမ သူ့ကို ချစ်နေမိတာလား...?
ရုတ်တရက် သူမအကြည့်က ရှန်းရီဆီရောက်သွား၏။

" ချင်းယီ...''

" ဟင်...?''

" မင်း..အဆင်သင့်ဖြစ်ပြီလား...''
သူမ မဖြေခင်မှာပဲ စီမံခန့်ခွဲရေးဌာနက လူတွေက ရောက်ရှိလာပြီး နေရာယူနေကြ၏။

ရှန်းရီရဲ့ စိတ်အခြေအနေက မကောင်းနေပေ။
သူ ဘာဖြစ်နေလဲဆိုတာတော့ သူမလည်း မသိ။ အစည်းအဝေးလုပ်နေတဲ့အချိန်မှာ သူမက ဖုန်းကိုင်နေတော့ ဝန်ထမ်းတွေက သက်တောင့်သက်သာမဖြစ်သလို ခံစားနေရသည်။
သူတို့က သူမကို အပြစ်တင်ချင်နေပေမယ့် သူမနဲ့ ရှန်းရီက ဘယ်လိုပတ်သက်မှန်း မသိတာကြောင့် ငြိမ်ကုပ်နေရသည်။

သူမက ရှန်းရီနားမှာ ထိုင်နေပြီး ဘေးနားက လူတွေကို မသိကျေးကျွန်ပြုလိုက်၏။ သူ့ရဲ့ အလုပ်ကိစ္စတွေမှာ ဝင်မပါရလို့ တော်သေးသည်....အခုတော့... သူမ...သေလောက်အောင် ပျင်းနေရပြီ....။ ရှန်းရီက အလုပ်လုပ်နေတဲ့ အချိန်မှာ သူမနဲ့ စကားပြောနေကြပုံစံမျိုး မဟုတ်ဘဲ တည်ကြည်ပြီး အရမ်းလေးနက်တဲ့ပုံစံမျိုး ရှိသည်။
သူတို့က အရောင်းအဝယ်အကြောင်းတွေ...ရာခိုင်နှုန်း အရှုံးအမြတ်တွေ အကြောင်းပြောနေတာကိုတော့ သူမလုံးဝ နားမလည်ပေ။ သင်္ချာနဲ့ အတွက်အချက်တွေက သူမရဲ့ အားနည်းချက်မဟုတ်ပါလား...
တော်ပြီ...နောက်ခါဆိုရင် လုံးဝ ဒီကိစ္စတွေနဲ့ မပတ်သက်တော့ဘူး....

အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်ကြောင့် လုချင်းယီ စိတ်အနှောင့်အယှက်ဖြစ်လာချေ၏။ ဘာကြောင့်လဲဆိုတော့ သူမနဲ့ မျက်စောင်းထိုးနားလောက်မှာထိုင်တဲ့ မိန်းကလေးက သူမကို စိုက်ကြည့်နေတာကြောင့်ပင်။ သူမရာထူးက ရှန်းရီရဲ့ လက်အောက်မှာဖြစ်သည်။
သူမက ဘာဖြစ်ချင်နေတာလဲ...?

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now