၉၃။

2.6K 310 0
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၉၃။

လုချင်းယီတစ်ယောက် ကြီးကျယ်ခမ်းနားလှတဲ့ ခန်းမကြီးကို ကြည့်ပြီး အံ့ သြမှင်တက်လို့နေ၏။ အရင်သွားခဲ့တဲ့ ပါတီပွဲထက်စာရင် ဒီပါတီပွဲက အရမ်း...အရမ်းကို ခမ်းနားလှသည်။
လှပတဲ့ မိန်းကလေးတွေက ကျော့ရှင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားပြီး သူတို့ရဲ့ လည်တိုင်နဲ့ နားမှာလည်း တန်ဖိုးကြီးတဲ့ ကျောက်မျက်ရတနာတွေ ဆင်မြန်းထားကြသည်။
နောက်ပြီး အမျိုးသားတွေကလည်း အနက်ရောင်ဝတ်စုံနဲ့ ကြည့်ကောင်းလို့နေလျက်....

အရိုးသားဆုံးပြောရရင် ဒီနေရာကို သူမ မလာချင်နေပေ။ သူမရဲ့ ဘဝနဲ့ အရမ်းကို ကွာခြားလှတဲ့ အခြေအနေတွေကြောင့် သူမကိုယ်သူမ စင်ဒရဲလားလို ခံစားရပေမယ့်.... မင်းသားလေးနဲ့ လာတွေ့ရတဲ့ စင်ဒရဲလားမဟုတ်ဘဲ သူ့အတွက် လာတိုက်ခိုက်ရတဲ့ ပုံစံမျိုးဖြစ်နေ၏။

" ချင်းယီ...၊ တို့ ဒီမှာ...''
လုချင်းယီ အသံကြားရာဘက်ကို လှည့်ကြည့်တော့ ရှောင်လန်ဖြစ်နေ၏။ ရှောင်လန်က အိမ်ကိုတစ်ချက်ပြန်သွားပြီး သူမယောင်္ကျားနဲ့ အတူလာ၏။

ရှောင်လန်တင် မဟုတ်။ ရှန်းရွှီပါ ရုတ်တရက်ပေါ်လာကာ သူ့အစ်ကိုကို ဖက်လိုက်တော့ ရှန်းရီ ငြီးတွားလိုက်၏။ ဒါပေမယ့် ရွှီက အရေးကြီးတဲ့ ပုံစံမျိုးဖြစ်ပေါ်နေကာ သူ့အစ်ကိုအနားမှာ တိုးတိုးလေး ကပ်ပြောသည်။ ရှန်းရီ... ခေါင်းငြိမ့်လိုက်ကာ သူ့မိန်းမဘက်ကို လှည့်လိုက်ပြီး.....

" ချင်းယီ...၊ ကိုယ် အဖွားနဲ့ အရင် သွားတွေ့လိုက်မယ်....၊ ရှောင်လန်နဲ့ ရွှီက မင်းကို အဖော်ပြုပေးမယ်နော် ''

" အင်း...ကျွန်မ ရှင့်ကို စောင့်နေမယ်....''

ရှန်းရီ...၊ သူမခါးကို တင်းတင်းကျပ်ကျပ်ကိုင်ထားတာကို ဖြေလျော့ပေးလိုက်ပြီး လှေကားပေါ် တက်သွားတော့သည်။

" ဘုရားရေ...! မရီး...! ဒီည အရမ်းကို တောက်ပနေတယ်....''
ရွှီက သူ့မရီးကို ရှန်ပိန်တစ်ခွက် ကမ်းပေးရင်း ပြောလာ၏။

" အစ်ကိုက အဖွားနဲ့ ပြောစရာစကားရှိလို့ တက်သွားတာ....အကုန်လုံး အဆင်ပြေတယ်...''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now