၆၃။ဟန်​ဆောင်နေတာကို ရပ်လိုက်ရအောင်....!

4.2K 509 72
                                    

လုချင်းယီ... ၊သူ့ရဲ့အဖြေကို စောင့်နေမိသည်။ သူ့ရဲ့အဖြေက ဘာပဲ ဖြစ်လာဖြစ်လာ သူမစိတ်ကို အတတ်နိုင်ဆုံး ပြင်ဆင်ထား၏။

တကယ်လို့ သူ့ရဲ့ အဖြေက သူမထင်သလိုမျိုးမဟုတ်ရင် သူမ... သူ့ကို ချစ်တတ်အောင် သင်ပေးရလိမ့်မည်။

သူမ ရင်တွေ အရမ်းခုန်နေမိသည်။ သူ့အကြည့်တွေက ဘယ်လောက် ပြင်းထန်လဲဆိုရင် သူမတစ်ကိုယ်လုံး အားအင်ချိနဲ့ လာပြီး ဗိုက်ပါဆာလာသလိုပင်။

သူမက သူ့လက်တွေကို လွှတ်လိုက်ပြီး နောက်ဆုတ်လိုက်၏။ ဒါပေမယ့် သူ့လက်တွေက သူမကို အဝေးသွားခွင့်မပြုဘဲ သူမခါးကို ဖက်တွယ်လိုက်ကာ နီးနီးကပ်ကပ်ဖြစ်အောင် ဆွဲကပ်လာ၏။

လောလောဆယ် သူမက သူ့လက်ထဲကနေ ဘယ်လိုလွတ်အောင်လုပ်ရမလဲဆိုတာပဲ စဉ်းစားနေ၏။ ထို့နောက် ရှန်းရီက သူမမျက်နှာကို စိုက်ကြည့်လာတော့သည်။

" ဘယ်လို့ မင်းမဖြစ်ရမှာလဲ...? မင်းရဲ့ ပန်ကိတ်လေးတွေကို ကြိုက်တယ်လို့ ကိုယ်ပြောပြီးသားလေ...၊ အဲ့ဒါလေးတွေကြောင့် မင်းကို ကိုယ် သတိပြုမိသွားတာ.....!''

( ကဲ...ဒါဒါလေးတို့ရေ ဟိုက်ဝေးလမ်းမတို့ ခြင်ကိုက်ဖုတို့လောက် ရှိလဲ ဝမ်းမနည်းနဲ့နော်...
အဲ့လိုတွေမှ ကြိုက်တယ်ဆိုတဲ့သူတွေရှိတယ်...😯😂)

ရှန်းရီ ဟန်ဆောင်ပြုံးလိုက်၏။

" ရှန်းရီ...! ကျွန်မတကယ်ပြောနေတာနော်....လာမနောက်နေနဲ့...!''

ရှန်းရီ သက်ပြင်းချလိုက်ပြီး သူ့မျက်နှာကို လက်နဲ့ ပွတ်လိုက်ကာ.....

" ကျွန်မတောင်းပန်ပါတယ်....၊ ကျွန်မ မမေးလိုက်သင့်ဘူး ဟုတ်ပြီလား...၊ ရှင်လည်း ဘာမှ ဆက်မပြောနဲ့တော့.....ရှင် အဲ့ဒီအကြောင်းကို စိတ်မဝင်စားနေဘူးဆိုတာ ကျွန်မသိလိုက်ပြီ....''

လုချင်းယီ ပြောလာ၏။ သူမကိုယ်သူမ အသုံးမကျသလို ခံစားရပြီး နှလုံးသားလေးပါ နာကျင်နေသလို ခံစားလာရသည်။

" ကိုယ် စိတ်မဝင်စားဘူးလို့ မပြောမိပါဘူး...''
သူ့ရဲ့ လက်က သူမရဲ့မျက်နှာဆီရောက်လာပြီး သူမမျက်ရည်တွေကို လက်မနဲ့ သုတ်လိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now