၅၆။ ကျွန်မ.... ဆေးခတ်လိုက်တယ်....

4.2K 480 3
                                    

" ရှန်းရီ....ရှန်းရီ...ရှင့်ကိုယ်က အရမ်းလေးတယ်....''
သူ့ရဲ့ ခန္ဓာကိုယ်က သူမအပေါ်ကို ယိုင်ကျနေတော့ သူမ မနိုင်မနင်းဖြစ်နေ၏။

ယန်ချိုင်းတစ်ယောက် ချင်းယီ..၊မနိုင်မနင်း ဖြစ်နေတာကိုမြင်တော့ ရှန်းရီကို လာဝိုင်းထိန်းကာ ရှန်းရီရဲ့ လက်မောင်းကို သူ့ပုခုံးပေါ် တင်လိုက်၏။
ထို့နောက် ပုလင်းကွဲတွေကို ခြေထောက်နဲ့ လှမ်းဖယ်လိုက်ကာ နီးရာထိုင်ခုံမှာ ထိုင်စေ၏။

" ဘာဖြစ်ကြတာလဲ...?''
သူ မေးလိုက်ပေမယ့် တွမ်ယုံက ငိုနေတုန်း...
သူမရဲ့ လက်တွေက လည်ပင်းကိုပဲ ထိကိုင်နေသည်။

ရွှမ်လင်တစ်ယောက် တွမ်ယုံက ကြမ်းပြင်ပေါ်မှာ ငိုနေတော့ သူမမျက်လုံးတွေ ပြူးကျယ်ကုန်သည်။ ထို့နောက် သူမကို သွားပြေးထူလိုက်၏။

လုချင်းယီ..၊တော်တော်ဒေါသ ထွက်နေသည်။
ရှန်းရီက တစ်ခြားလူတစ်ယောက်ကို တော်ရုံတန်ရုံ အဲ့လိုလုပ်မှာ မဟုတ်ပေ။ ရှန်းရီ သူမကို လည်ပင်းညှစ်နေကတည်းက ဘယ်သူ့ဘက်က အရင်မှားလဲ ဆိုတာ သူမသိလိုက်ပြီ.....
ဒီမိန်းမ တိတ်တဆတ်နဲ့ ငါ့ယောင်္ကျားကို ဘာလုပ်ဖို့ ကြိုးစားလိုက်တာလဲ...?

" မေးနေတယ်လေ...မိန်းကလေးတွမ်...၊ ဘာဖြစ်ကြတာလဲ...?''
ယန်ချိုင်က တွမ်ယုံကို အော်ဟစ်မေးနေ၏။

" ကျွန်မ....ကျွန်မ....''
သူမ ကြောက်လန့်လွန်းလို့ ရွှမ်လင်ရဲ့ လက်ကိုဆုပ်ကိုင်လိုက်ပြီး....

" ကျွန်မတောင်းပန်ပါတယ်...''

" နင် ဘာပြောနေလဲဆိုတာကို ငါတို့ မရှင်းဘူး...၊ နင် သေချာပြောပြမလား...ဒါမှမဟုတ် ငါတို့ ရဲခေါ်လိုက်ရမလား...?''

" နင်..! နင်...! ငါ့ကို အမိန့်လာမပေးနဲ့...''
တွမ်ယုံက လုချင်းယီကို စိုက်ကြည့်လိုက်ပြီး...

" နင့်ကို ဘာမှ ပြောပြစရာမလိုဘူး...''

သူမဆီကနေ အဲ့လို ထွက်လာတဲ့အသံကို ကြားတော့ ရှန်းရီ ခေါင်းထောင်လာပြီး ရက်စက်ကြမ်းကြုတ်တဲ့ အကြည့်နဲ့ တွမ်ယုံကို ကြည့်လိုက်၏။

" ကောင်း...ကောင်းပြီ၊ ငါဝန်ခံပါ့မယ်...''
တွမ်ယုံ အထိတ်တလန့် ဖြစ်စွာနဲ့ ပြောလာ၏။
စောစောတုန်းက ရှန်းရီ သူမကို သတ်ဖို့ ကြိုးစားခဲ့တယ်မလား....အခုတော့ သူ့ကို အရမ်းကြောက်ရွံ့ နေပြီ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now