၁၀၉။

2.4K 281 2
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၀၉။

အမလေး....ရှန်းရီရဲ့စကားကို နားမထောင်ဘဲ အပြင်ထွက်ခဲ့မိတာ မှားပြီထင်တယ်.....ဒီနောက်ပိုင်း...ဘာလို့ ပြဿ      နာတွေနဲ့ပဲကြုံနေရတာလဲ...? အပြင်ထွက်လိုက်တိုင်း မတွေ့ချင်တဲ့သူနဲ့ တွေ့ လိုက်.... ပြဿ      နာနဲ့ ကြုံလိုက်....ဟူး... ဘဝကြီးကလည်း....

ကြည့်...အခုလည်း ရှားယုဟန်က သူမရဲ့ အချစ်ရေး ပြဿ      နာကို ကယ်ပါဆိုပြီး လာကူညီခိုင်းပြန်ပြီ....
လုချင်းယီ....အိမ်ကိုသာ ပြန်ချင်နေတော့သည်။ ရှန်းရီလည်း ဒီအချိန်ဆို ပြန်ရောက်ပြီမလား....?
အပြင်သွားတာ သူ့ကို မခေါ်ရလားဆိုပြီး ဆူပုတ်နေဦးမည်။ ဟင်....သူ့ကို ဖုန်းကြိုဆက်မယ်ဆိုပြီး မေ့သွားပြန်ပြီ.....

" ကိုယ့်ကိုယ်ကို အရူးတစ်ယောက်လို မလုပ်နေပါနဲ့.... မိန်းကလေး ရှား....၊ အဲ့ကောင်လေးက နင့်ကို သဘောကျတယ်ဆိုရင် သူဖွင့်ပြောပြီး နင့်ကို ရအောင် ကြိုးစားမှာပေါ့.....''
ရှောင်လန်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောလာလေ၏။

ရှားယုဟန်က ထိုကောင်လေးကို တော်တော်သဘောကျနေဟန်ရှိတာကိုတော့ ချင်းယီ သတိပြုမိပါ၏။ ဒါဆို.... သူမက ဘာလို့ ရှန်းရီကို လက်ထပ်ဖို့ ကြိုးစားတာတုန်း...

" အဲ့ကောင်လေးကို crush နေတာ ဘယ်လောက်ကြာပြီလဲ....?''
ချင်းယီ တိုးတိုးလေးမေးလာ၏။

" Crush...?''
ရှားယုဟန်က ရယ်လိုက်ကာ....

" သူ့ကို ချစ်နေခဲ့တာ တော်တော်ကို ကြာပြီ...ကျွန်မ.... ကြိတ်ကြွေနေတာ မကြာသေးဘူးဆိုရင်တောင် မေ့ဖျောက်လို့ရသေးတယ်....အခုတော့....သူ လက်မထပ်ခင် ဒါမှမဟုတ် Silver Leafကို မသွားခင်လေးမှာ ကျွန်မ ဖွင့်ပြောနိုင်ဖို့ ဆုတောင်းရတော့မယ်....''

Silver Leafဆိုတဲ့ စကားကြောင့် လုချင်းယီရဲ့ မျက်လုံးက လက်ကနဲဖြစ်သွား၏။သူ့ပုံစံကို ကြည့်လိုက်ကတည်းက ရှန်းရီလိုမျိုး စီးပွားရေးထဲက လူမဟုတ်ဘူးဆိုတာ သိသာပါတယ်လေ...
ဒါဆို Silver Leafက ကျောင်းသားလား...ဒါမှမဟုတ် ဆရာလား....?

ရှားယုဟန်တစ်ယောက် ရင်ဘတ်ထဲကနေ ရုတ်တရက် နာကျင်လာတာကြောင့် မျက်လုံးမှိတ်လိုက်ကာ အိမ်ပြန်တာပဲ အကောင်းဆုံး ဆိုပြီး တွေးလိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now