၁၁၁။

2.3K 271 2
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၁၁။

လုချင်းယီ....ပြုံးလိုက်ကာ ရှန်းရီရဲ့ ပါးကို ညင်သာစွာနမ်းလိုက်၏။ သူက ရှက်နေတဲ့ပုံစံကို မဖော်ပြပေးမယ့် သူ့ပါးကတော့ နီရဲလာသည်။

" ကျွန်မကို ခွင့်လွှတ်ပြီလား....?''

" အင်း...ဒါပေမယ့် ပြေးဖို့ မကြိုးစားနဲ့တော့....''
ရှန်းရီပြောလိုက်ကာ သူမကို ဆွဲဖက်လိုက်၏။

" ကျွန်မ....ရှင့်ကို လိုချင်​နေပြီ....''

ခဏကြာတော့ သူမကိုယ်လေးက အိပ်ရာနဲ့ ထိကပ်သွားပြီး အနမ်းချင်း ဖလှယ်ကာ...သူမတို့ရဲ့ ချစ်ခရီးလေးကို စတင်ကြတော့သည်။

---------------

သူမရဲ့ ခြေထောက်ကောင်းသွားကတည်းက မဒမ်ရှန်းက သူမတို့နှစ်ယောက်ကို အိမ်ပြန်ခွင့် ပြုလိုက်ပြီး လက်ဆောင်အများကြီး ပေးသည်လေ....

ဇာအတွင်းခံတွေနဲ့ sexyကျတဲ့ ညအိပ်ဂါဝန်တွေမြင်ပြီး လုချင်းယီတစ်ယောက် ကိုယ့်ပါးကိုယ် ပြန်ရိုက်မိသည်။ အာ......သောက်ကျိုးနဲ......
ရှန်းမိသားစုက ဘယ်လိုကြီးလဲ...?

ထို့နောက် အဲ့တာတွေကို အိတ်ထဲမြန်မြန်ထည့်လိုက်ပြီး ဗီရိုဆီသွားလိုက်သည်။ ထို့နောက် အဲ့ဒီအထုပ်ကို ​ဗီရိုထဲကို ထည့်​နေတုန်း သူမမျက်လုံးက ကြီးမားတဲ့ ဗူးကြီးဆီရောက်သွားပြန်သည်။ မဒမ်ရှန်းက အဲ့ဒီဗူးကြီးကို အဆင်သင့်ဖြစ်မှ ဖွင့်တဲ့.... ဘာကို အဆင်သင့်ဖြစ်ရမှာလဲ...?

အဲ့ဒီထူးဆန်းတဲ့ ဗူးကြီးကို ရပြီးကတည်းက ဘာတွေများပါလဲဆိုပြီး သူမ​တော့ နည်းနည်း ထိတ်လန့်နေသည်။ သူမလည်း ဖွင့်ကြည့်မယ်ဆိုပြီး အိပ်ရာဆီယူသွားကာ ကျကျနနထိုင်လိုက်၏။
ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဗူးကို ဖွင့်ကြည့်တော့........

သူမနှုတ်ခမ်းလေးက အံ့ သြလွန်းလို့ Oပုံစံဖြစ်သွားသည်။ ပန်းရောင်ညအိပ်ဂါဝန်မှာ ပန်းပွင့်လေးတွေ.....အကိုင်းအခက်တွေ ဝေဝေဆာဆာနဲ့ ပန်းထိုးထားတာက အရမ်းလှ၏။

သူမပြုံးလိုက်ကာ....အထည်ကိုဖြန့်ကြည့်လိုက်တော့.....

" ဟင်....! ဘာမှလည်း မဖုံးထားဘူး....အထဲကို အကုန်မြင်နေရတယ်....ဟာလာဟင်းလင်းကြီး....''
လုချင်းယီတစ်ယောက် ရှော့ခ်ရလို့နေ၏။ ရှန်းရီကို ဆွဲဆောင်ဖို့ အဲ့လိုပစ္စည်းတွေလိုတယ်လို့ မဒမ်ရှန်း ထင်နေတာလား....?

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now