၇၃။

4K 447 2
                                    

အပိုင်း ၇၃။ ငါ့ညီ ဒီလို ဘာလာလုပ်တာလဲ..?

သူမ မျက်နှာကတော့ ပြုံးနေလေသည်။ ဒါပေမယ့် သူကတော့ အချိန်အကြာကြီး သူမနဲ့ ခွဲနေရမှာဆိုပြီး ဝမ်းနည်းနေလေရဲ့....
၂နှစ်ဆိုတဲ့ အချိန်ကလည်း နည်းတာမှမဟုတ်တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ Silver Leafမှာတက်ရင်းနဲ့ သူဘေးနားမှာ နေနိုင်အောင် အကြံထုတ်ရတော့မည်။

လုချင်းယီ.....ခေါက်ဆွဲကြော်အိုးမချခင် အရင်မွှေနေပြီး ပါးစပ်ကလည်း ည ည်းညူနေသည်။
ရှန်းရီက ထိုင်ခုံမှာ စိတ်ရှည်စွာထိုင်နေပြီး ခေါက်ဆွဲကြော်ကျက်မှာကို စောင့်နေ၏။

ထို့နောက် သူမက ခေါက်ဆွဲကြော်အိုးချလိုက်ကာ ပန်းကန်ပြားထဲထည့်လိုက်၏။ နောက်ထပ်ပန်းကန်ပြားတွေထဲမှာ ကြက်ဥကြော်နဲ့ ပန်ကိတ်ကို ထည့်ပြီး စားပွဲပေါ်မှာ သွားချပေး၏။

ရုတ်တရက် သူက သူမကို ကြည့်ပြီး မျက်ခုံးလှုပ်ပြ၏။ ထို့နောက် လူယုတ်မာ အပြုံးကတော့ သူ့ရဲ့ မျက်နှာပေါ်မှာ ဖြတ်ပြေးသွားလျက် .....
လုချင်းယီ....မျက်စောင်းတစ်ချက် ပစ်လွှတ်လိုက်၏။ ဒီလူကြီးက တစ်ချိန်လုံး အဲ့တာပဲ တွေးနေတာလား....?

" ဘာတွေဖြစ်နေတာလဲ...?''
ရှန်းရီက သူမမျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး...

" မင်း..ကိုယ့်ကို ဒီလို ပြန်တိုက်ခိုက်မယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး....ချင်းယီ....၊ အချစ်လေးလို့...! ကိုယ့်ကို အဲ့လိုကြီး အပြစ်မပေးပါနဲ့......
ကိုယ်... မင်းကို လိုအပ်တာက ပန်းကလေးတွေ မိုးကို လိုအပ်သလိုပဲလေ...''

ချင်းယီ...၊ ဂရုမစိုက်သလိုမျိုးနဲ့ မျက်လုံးဝေ့ပြလိုက်ပြီး ခုံမှာထိုင်လိုက်၏။

" တစ်ချိန်လုံး နှာဘူးပဲ ထနေတယ်...''
သူမ တိုးတိုးလေး ည ည်းညူလိုက်ပြီး ခွက်ထဲကို ကော်ဖီထည့်လိုက်ကာ စားဖို့ပြင်လိုက်၏။

သူမ ကော်ဖီသောက်ရင်း သူ မသိအောင် တစ်ချက်ပြုံးလိုက်၏။

" ဒါနဲ့ အားတဲ့အချိန်မှာ မင်း ဘာလုပ်ဖို့ အစီအစဉ်ရှိသေးလဲ....? "
ရှန်းရီရဲ့ မေးခွန်းကို သူမ လေးလေးနက်နက် စဉ်းစားလိုက်ပြီး....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now