၄၁။ ဘာလို့ ဝိုင်းဝိုင်းလည်နေရတာလဲ...?

4.4K 548 11
                                    

လုချင်းယီတစ်ယောက်....ရေခဲမုန့်ဝယ်ဖို့ အတွက် သူ့ကို ထားသွားပြန်ပြီ။ သူတို့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးမစဉ်းစားပေမယ့် သူ မမျှော်လင့်ထားတာက .....သူမကို ပိုပိုပြီးစိတ်ဝင်စားလာသည်ပင်။ သူမကို စနောက်တာ၊ မခံချင်အောင်ပြောတာတွေကို သူတကယ်နှစ်ခြိုက်လာမိသည်။

ရှန်းရီ.... ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ဒီအချိန် ကမ်းခြေမှာ လူမပြည့်ကျပ်နေလို့ တော်သေးသည်။ သူ့ကိုယ်သူလည်း အလုပ်နဲ့ လာရင်း ဒီလို ကမ်းခြေမျိုးကို ရောက်လာလိမ့်မယ်လို့ မထင်ထားမိပေ။ အရင်က  အလုပ်အတွက် ခရီးသွားရင်လည်း တွေ့ဆုံပွဲတွေ ၊ စစ်ဆေးစရာရှိတာတွေနဲ့ ပဲ ပြီးဆုံးသွားသည်။

မိန်းကလေးတွေက သူ့ဘေးက ဖြတ်သွားရင်းနဲ့ ပြုံးပြီး ကြည့်သွားတာတွေ ၊ လေချွန်ပြီး အထာပေးတာတွေ ပြုလုပ်သွားကြသည်။
ဒါပေမယ့် ရှန်းရီကတော့  ဒီလိုမိန်းကလေးတွေလိုမျိုး ...bikini နဲ့ သူ့ဇနီးလေးကို ဘယ်တော့မြင်ရမလဲဆိုပြီး အတွေးဝင်သွားတော့သည်။
ဒီမိန်းကလေးတွေက ကောက်ကြောင်းတွေ လှပေမယ့် သူ့ဇနီး လောက်မဆွဲဆောင်နိုင်ဘူးလေ....

" ကိတ်လိုက်တာ...!''
သူ့နောက်ကနေ လူတစ်ယောက်က တိုးတိုးလေးပြောလိုက်တာကို ကြားလိုက်ရသည်။
ရှန်းရီ အမှတ်တမဲ့နဲ့ ခေါင်းငြိမ့်လိုက်ပြီး ခဏကြာတော့ ဒီအသံကို ရင်းနှီးပါတယ်ဆိုပြီး စဉ်းစားလိုက်သည်။ ထို့​နောက် တစ်ကိုယ်လုံး အေးခဲသွားတော့သည်။

လုချင်းယီတစ်ယောက် ရေခဲမုန့် သွားဝယ်ပြီးပြန်လာတော့ ရှန်းရီနားမှာ bikini နဲ့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာကို မြင်လိုက်ရတော့သည်။
ဒီလူကြီးတော့...

"ချင်းယီ....''
ရှန်းရီတစ်ယောက် သူခိုးလူမိသလိုဖြစ်နေ၏။

" ရှင်ဘာတွေ ပြစားနေလို့ ဒီလောက် ဝိုင်းဝိုင်းလည်နေရတာလဲ....?''
သူမမေးလာ၏။
ရှန်းရီ.... သူ့ရဲ့ မျက်နှာကို အုပ်ပြီး ရယ်လိုက်မိသည်။ ကျယ်ကျယ်ရယ်မရဲဘူးလေ.... သူ့မိန်းမက စိတ်ဆိုးနေတာကိုး....
ထို့နောက် သူက သူမရဲ့ လက်မောင်းကို ဆွဲရင်း ကမ်းစပ်ဆီ လမ်းလျှောက်လာခဲ့၏။
သူမကတော့ လက်တစ်ဖက်မှာ ရေခဲမုန့်ကို ကိုင်ပြီး အစားငမ်းရင်း သူဆွဲခေါ်ရာနောက်ကို ဒရွတ်တိုက်ပါလာခဲ့တော့သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now