၈၉။

2.8K 321 0
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

လုချင်းယီ..... ဆိုင်ထဲကနေ ထွက်လာတာနဲ့ ရှောင်လန်ဘေးကနေ ထွက်ပြေးချင်နေတော့သည်။
ဒီမိန်းကလေးက သူမကို ရူးအောင်လုပ်နေတာလား...? ရှောင်လန်က ပြောသေးသည်......ဘာတဲ့.....တစ်ကိုယ်လုံးမှာရှိတဲ့ အမွေးတွေ ပြောင်သွားရင် နေရထိုင်ရ သက်သောင့်သက်သာရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေမှာတဲ့လေ......
စောစောတုန်းကတော့ သူမ ကြောက်လွန်းလို့တုန်ပါ တုန်သည်။

တကယ်လည်း...ဆိုင်ထဲက ထွက်လာကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာသလိုပင်။နောက်ပြီး ကြိုးတစ်လုံးအင်္ကျီတွေ....ပေါင်ကွဲဂါဝန်တွေ ဝတ်ရင် ပိုအဆင်ပြေတယ်လို့ ပြောကြသေးသည်။ သူမက အဲ့လိုဝတ်ရတာမျိုးကို သဘောမကျပေမယ့် သူမအသားအရည်က ဘေ ဘီလေးတွေရဲ့ အသားအရည်မျိုး ချောမွေ့ပြောင်လက်သွားတာကြောင့် သဘောကျမိသား...။

ကောင်းတယ်လို့သာပြောတယ်... ဈေးနှုန်းကလည်း ကြည့်ပါဦး...။ နောက်ပြီး waxလုပ်တာကလည်း ငရဲကျနေသလိုပဲ။ အနည်းဆုံးတော့  ကြက်တွေ အမွေးနှုတ်တဲ့ ပုံစံမျိုး မဟုတ်လို့တော်သေးသည်။

" နောက်ထပ် ဘာအစီအစဉ်ရှိသေးလို့ လဲ...? ပြီးပြီမဟုတ်လား...?''
လုချင်းယီက ရှောင်လန်နောက်ကနေလိုက်ရင်း မေး၏။

" နင့်ရဲ့ အသားအရည်ကို ဂရုစိုက်ဖို့ အရေပြားဆရာဝန်ဆီ သွားရမယ်....၊ နောက်ပြီးရင် နင့်ပုံစံကို ပြင်ဆင်ဖို့ အလှပြင်ဆိုင် တစ်ခုကို သွားရဦးမယ်....''

ရှောင်လန်က ကားသော့ဖွင့်ရင်း ပြန်ဖြေ၏။

ချင်းယီက သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။
ရှောင်လန်က သူမကို ကူညီပေးနေတဲ့ အတွက် မကျေမနပ်ပြောလို့လည်း မဖြစ်ဘူး။
မဒမ်ရှန်းနဲ့ တွေ့ဖို့အရေး အဲ့လောက်တောင် လိုလို့လား...?

" အဲ့တာတွေကို သည်းခံပါ...ချင်းယီ...၊ အရင်တုန်းက ငါလည်း နင့်လိုပဲ....နောက်တော့နေသားကျသွားမှာပါ...''
ရှောင်လန်က သူမကို ပြုံးပြလိုက်သည်။ သနားစရာကောင်းလိုက်တဲ့ ချင်းယီလေး....ဒါတွေက သူမအတွက် ခက်ခဲနေမှာပဲ....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now