အပိုင်း - ၆၇

8.6K 1.9K 139
                                    

{Zawgyi}

အဝေးကနေဆိုရင် အဖြူရောင်စေတီက ရှည်မျောမျောပုံစံရှိနေပေမယ့် အနားရောက်တဲ့အခါ သူ့အောက်နားမှာရှိတဲ့ ကြီးမားတဲ့နန်းဆောင်ကြီးတစ်ခုကို တွေ့ရမှာဖြစ်တယ်။ ခုနတုန်းကတော့ ဝေးလွန်းတာကြောင့် မတွေ့မိတာသာဖြစ်တယ်။

မီးတောက်ဆူးမြို့တော်က တကယ့်ကိုတစ်မူထူးခြားတဲ့နေရာကြီးတစ်ခုပဲ။

သူတို့ရောက်လာတဲ့အခါ နတ်ဆိုးဘုရင်ကြီးနဲ့ မီးတောက်ဆူးမြို့အရှင် ထွက်လာကြတာကို တွေ့လိုက်ရတယ်။

စကားတပြောပြောနဲ့ ရယ်မောနေလိုက်ကြတာများ... အရမ်းကိုရင်းနှီးနေပုံနဲ့။

နတ်ဆိုးဘုရင်ကြီး ခေါင်းလှည့်လာတော့ ပိုင်ရန်နဲ့ လောင်ဟိုင်းတို့ရောက်လာတာကို တွေ့လိုက်ရတယ်။ သူတို့ရဲ့သွယ်ယှက်ထားတဲ့လက်တွေပေါ် သူ့အကြည့်ကျရောက်သွားတဲ့အခါ သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာပေါ်ကို အရိပ်ကြီးတစ်ခု ကျရောက်သွားတယ်။

"ဘယ်တွေသွားနေတာလဲ?" နတ်ဆိုးဘုရင်ကြီး မပျော်မရွှင်ဖြစ်နေတဲ့လေသံနဲ့ မေးလိုက်တယ်။

'ဘာတွေလာပြီး ဒေါသထွက်နေတာလဲ?' ပိုင်ရန် တွေးမိတယ်။ 'ခင်ဗျားကြီးကျတော့ ကျွန်တော့်ကိုစွန့်ပစ်ပြီး မြို့အရှင်နဲ့ လစ်ပြေးသွားပြီးတော့ ခုမှလာပြီး စစ်လားဆေးလားလုပ်နေတယ်ပေါ့?!'

"ကျွန်တော်က ဒီတိုင်းအရှင်ရှဲ့ကို မီးတောက်ဆူးမြို့တော်က ပတ်ဝန်းကျင်အနေအထားနဲ့ အကျွမ်းတဝင်ဖြစ်သွားအောင်လို့ တစ်ခေါက်လောက် လျှောက်ပြနေတာပါ" လောင်ဟိုင်းက သိမ်မွေ့စွာပြောလိုက်တယ်။

နတ်ဆိုးဘုရင်ကြီး သူ့ကိုကြည့်လိုက်ပြီး အမူအယာကတော့ ပျော်ရွှင်မနေပေမယ့် ဘာတစ်ခွန်းမှ မပြောခဲ့ဘူး။ အဲ့အစား ပိုင်ရန့်ဘက်လှည့်ကာ လက်ယက်ခေါ်လိုက်တယ် "ဒီနားလာ" [ T/N : ကိုယ်တော်ကြီးနားမှာဆို ချဉ်စုတ်နေမှာပဲ ]

ပိုင်ရန်တွေးကြည့်လိုက်ပြီး အနားသွားဖို့သာ ရွေးခြယ်လိုက်တယ်။

ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီးက ဘာလိုလိုနဲ့ ကျေနပ်သလိုလိုတော့ဖြစ်သွားပြီး သူ့မျက်နှာပေါ်က မည်းသည်းနေတဲ့အကြည့်ကတော့ အနည်းငယ်အရောင်ဖျော့သွားတယ် "မင်း နန်းတော်ထဲမှာ ဒီလိုမျိုး လျှောက်သွားနေဖို့ မသင့်တော်သလို သူစိမ်းတွေနဲ့လည်း မနေသင့်ဘူး"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now