အပိုင်း - ၃၇ (Zawgyi + Unicode)

12.5K 2.1K 348
                                    

{Zawgyi}

နတ်ဆိုးဘုရင်ကြီးရဲ့အမူအယာက ခဏလေးအတွင်းမှာပြောင်းလဲနေပြီး သူ့ရဲ့လှပတဲ့မျက်ဝန်းအတွင်းမှာ ရေတွက်လို့တောင်မရတဲ့ ခံစားချက်တွေတဖြတ်ဖြတ်လက်နေတယ်။ သူအတော်လေးအရေးပါတဲ့တစ်စုံတစ်ခုကို တွေးတောနေသလိုမျိုးဖြစ်နေတာကြောင့် ပိုင်ရန့်ကိုချက်ချင်းပြန်မဖြေနိုင်ခဲ့ဘူး။

တစ်မိနစ်လောက်ကြာတော့မှ နတ်ဆိုးဘုရင်ကြီးစတင်စကားပြောလာတယ်။

သူချောင်းဟန့်ပြီး အတည်ပေါက်ကြီးပြောတယ် “မင်းက ကိုယ်တော့်ကိုအရမ်းချစ်နေတယ်ဆိုမှတော့… အဟမ်း အဟမ်း.. ငါကိုယ်တော်ကလည်း မင်းခံစားချက်ကို အင်တင်တင်နဲ့လက်ခံပေးရတော့မှာပေါ့၊ အဲ့တာကြောင့်နဲ့ မင်းအရမ်းစိတ်လှုပ်ရှားစရာမလိုဘူး”

သူစကားပြောနေရင်း နားရွက်တွေရဲတက်လာတယ်။

ပိုင်ရန် “…”

သူဒီကြီးမြတ်လှတဲ့နတ်ဆိုးအရှင်ကြီးကို ဘယ်လိုစကားလှအောင်လှည့်ပြောရမလဲတွေးနေတုန်း နတ်ဆိုးဘုရင်ကြီးက စကားစတင်ပြောလာပြန်တယ်။

သူကစကားကို လေးလေးနက်နက်ပြောနေတာ “ရှဲ့ဇီထျန်း ကိုယ်တော်ကနှစ်ပေါင်း လေးထောင်ကျော်နေထိုင်ခဲ့ပြီး တစ်ခါမှလည်းမချစ်ခဲ့ဖူးဘူး… ဘယ်လိုချစ်ရမယ်ဆိုတာမသိလို့ မင်းကိုသဘောမကျဘူးလို့ပဲ ဆက်တိုက်ပြောနေတာ၊ အဲ့လိုဆို မင်းလည်းအချိန်မကုန်တော့ဘူးပေါ့”

ပိုင်ရန်တွေးလိုက်တယ် ‘အဲ့တာဆိုလည်း ကောင်းတာပေါ့… ခင်ဗျားလည်းကျွန်တော့်ကိုမကြိုက်ဘူး ပြီးတော့ ကျွန်တော်ကလည်း ခင်ဗျားကိုမချစ်ဘူး! အရှင်ရေ ဆက်ပြောဗျ!’

“မင်းကိုယ်တော့်အတွက် အများကြီးလုပ်ပေးခဲ့တာသိတယ်.. ကိုယ်တော်မင်းကို နောက်ဆုံးအခေါက်ဆုပေးလိုက်တုန်းက မင်းကြည့်တောင်မကြည့်ခဲ့ဘူး” နတ်ဆိုးဘုရင်ကြီးအမူအယာက ရှုပ်ထွေးလာတယ် “ရှဲ့ဇီထျန်း မင်းအဲ့လိုအရာတွေကို မကြိုက်တော့ဘူးဆိုတာ ကိုယ်တော်သိတဲ့အပြင် မင်းဘာလိုလည်းဆိုတာလည်း ကိုယ်တော်သိနေတယ်၊ ဒါပေမယ့် စိတ်မကောင်းဘူး… ကိုယ်တော်က အချစ်အကြောင်းသိပ်မသိလို့ မင်းကိုတော့မပေးနိုင်ဘူး”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now