အပိုင်း - ၇၀

10.6K 1.8K 444
                                    

{Zawgyi}

“အရှင်ကြီး” ပိုင်ရန် ချက်ချင်းပြောလိုက်တယ်။ “ကျွန်တော်က ငြင်းတာ မဟုတ်ပါဘူး၊ အဲ့တာက ဒီတိုင်း…”

သူ ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး သတ္တိမွေးလိုက်တယ် “ဒီတိုင်း ဒီလိုနေရာကြီးက တော်တော်လေးမသင့်တော်နေလို့ပါ၊ ပိုကောင်းတဲ့ဆီကို…”

သူပြောလို့မပြီးခင် နတ်ဆိုးဘုရင်ကြီးက သူ့ကိုလှမ်းဆွဲလိုက်တယ်။ နားထဲမှာ လေတိုးသံတွေကြားရပြီး တခဏတွင်းချင်းမှာတင် ပတ်ပတ်လည်မှာသစ်တောအုပ်ဆိုင်းနေတဲ့ ဂူတစ်ခုရှေ့ရောက်သွားတယ်။ လူအရိပ်အခြည်မတွေ့ရဘဲ အဝေးက တောင်တန်းတွေကို မြင်တွေ့နေရတယ်။ လုံးဝကို သီးသန့်ဆန်တယ်။

“ဒီနေရာက အဆင်ပြေတယ်” နတ်ဆိုးဘုရင်ကြီး ပြောလာတယ်။ [ T/N : အရှင်ရယ် မသိသာလိုက်တာ ]

ပိုင်ရန် “…”

“အရှင် ကျွန်တော်ထင်တာလေ… အရှင်က ချီကမောက်ကမဖြစ်တော့မယ့် ပုံလည်း မပေါ်ဘူး” ပိုင်ရန် ပြောပြလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးက မျက်မှောင်လေးကြုတ်ကာ သူ့ရင်ဘတ်ကို ဆုတ်ကိုင်ထားရင်း “ဇီထျန်း ကိုယ်တော် မသက်မသာခံစားနေရတယ်”

အခု ချီကမောက်ကမက ဖြစ်အံ့ဆဲဆဲဖြစ်နေပြီဖြစ်တဲ့အတွက် ပိုင်ရန် နည်းနည်းတော့ ထိတ်လန့်လာတယ် “အရှင်ကြီး ပိုအဆင်ပြေအောင်…”

ရုတ်တရက် နတ်ဆိုးဘုရင်ကြီး ပါးစပ်အပြည့်သွေးတစ်လုတ် အန်လိုက်တယ်။

ပိုင်ရန် လန့်ဖြန့်သွားကာ သူ့ကိုအမြန်တွဲလိုက်တယ် “အရှင်ကြီး!”

“ကိုယ်တော် အဆင်ပြေတယ်” နတ်ဆိုးဘုရင်ကြီးက သွေးတွေကို သုတ်ကာ သူ့ကိုပြုံးပြလာတယ် “ရတယ်၊ မင်းမလုပ်ချင်ဘူးဆိုတော့လည်း ကိုယ်တော်တို့ ပြန်ကြတာပေါ့”

နတ်ဆိုးဘုရင်ကြီးက ဟန်ဆောင်နေတာလို့ ပိုင်ရန်စပြီး ထင်မိခဲ့ပေမယ့် သွေးအန်လိုက်တာကို မြင်ပြီးနောက် အတုအယောင်မဟုတ်လောက်ဘူးဆိုတာ သိလိုက်တယ်။ အံကိုကြိတ်ကာ “အရှင် ဒီကိစ္စက နှောင့်နှေးနေလို့တော့ မဖြစ်ဘူး၊ ဒီမှာပဲ လုပ်ကြစို့”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now