အပိုင်း-၉ (Zawgyi + Unicode)

19.2K 2.8K 95
                                    


{Zawgyi}

နောက်တစ်နေ့ရောက်တော့ ပိုင်ရန်မျက်လုံးတွေပွင့်လာချိန်မှာ နေတောင်ထွက်နေပြီဖြစ်တယ်။ ညကကောင်းကောင်းအိပ်လိုက်တာကြောင့် သူ့စိတ်ကလည်းအတော်လေး နေလို့ကောင်းနေပြီဖြစ်တယ်။

ရှောင်လင်းက သူ့ကိုသတိပေးတယ် "သခင်၊ daily missionလေ"

"ငါမှတ်မိပါတယ်ဟ" ပိုင်ရန် အကူအညီမဲ့စွာ ပြောလိုက်တယ်။

"သခင်တကယ်လို့ missionကို အတိမ်းအစောင်းမရှိ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဆုရနိုင်တယ်!"

"တကယ်?" ပိုင်ရန်ပျော်သွားတယ်။

"ကျွန်မ main systemကို သွားမေးလိုက်တာ" ရှောင်လင်းကပြောတယ် "အခြေအနေကိုလိုက်ပြီး main system က သခင်ပြဿနာဖြေရှင်းတဲ့အပေါ်မှာ ဆုကြေးတွေပေးလိမ့်မယ်"

"ဘာဆုကြေးတွေလဲ?"

"အဲ့အချိန်ရောက်ရင် သိပါလိမ့်မယ်"

"ရှောင်လင်း... မင်းကတကယ်မိုက်တာပဲ" အစတုန်းက ပိုင်ရန်taskတွေကို လုပ်ဖို့စိတ်မပါပေးမယ့် ဆုကြေးအကြောင်းကြားပြီးနောက် တက်ကြွသွားပြီး စိတ်တောင်လောနေပြီ။

မနေ့က taskကသူ့အတွက် အတော်လေးဆုံးရှုံးမှုများတယ်၊ ဒါပေမယ့် ပြန်စဉ်းစားကြည့်မယ်ဆိုရင် မနေ့ကဖြစ်ခဲ့တဲ့မတော်တဆက ဖြစ်တောင့်ဖြစ်ခဲပဲ။ သူ့ပြစ်မှတ်က နတ်ဆိုးဘုရင်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ? ဒီနေ့ကတော့ မတူတော့ဘူး။ သူအခု ကိုယ့်အိမ်ကိုယ်ပြန်ရောက်နေပြီး ပါပီထီး၊ ပါပီမလေးတွေ ၀န်းရံနေတာ။ တစ်ယောက်ချင်းစီကလည်း လှကြတယ်! စနောက်တာထက်ကျော်လွန်ပြီး သူလုပ်ချင်တာလုပ်ရင်တောင် သူတို့သေချာပေါက်ခုခံကြမှာမဟုတ်ဘူး။

တွက်ကြည့်မယ်ဆိုရင် ဒီနေ့ရဲ့ daily task က မတရားကိုလွယ်နေတော့မှာပဲ။

အူမြူးကာ ပိုင်ရန်တံခါးဖွင့်ပြီး အပြင်ဘက်ကိုထွက်လာခဲ့တယ်။

တံခါးပွင့်ပွင့်ချင်း လှပတဲ့မိန်းကလေးနဲ့ ယောကျာ်းလေးတစ်ယောက် အတူတူရပ်နေတာကို တွေ့လိုက်ရတယ်။ ဖောက်ထွင်းမြင်နေရတဲ့ ၀တ်စုံနဲ့ လက်ထဲမှာ ဇလုံတစ်ခုနဲ့ မျက်နှာသုတ်ပ၀ါတစ်ခု ကိုင်ထားတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now