အပိုင်း-၁၆ (Zawgyi + Unicode)

16.2K 2.5K 52
                                    


{Zawgyi}

ပိုင်ရန်သူ့ပတ်လည်မှာရှိနေတဲ့ဖိအားတွေပျောက်ကွယ်သွားတာကို ခံစားလိုက်ရပြီး ဒီအကျပ်အတည်းကြားထဲကနေလည်း လွတ်မြောက်သွားပြီဆိုတာ သိလိုက်တယ်။

အကျပ်အတည်းကြားကလွတ်မြောက်သွားတာနဲ့ ဘယ်လိုမှမတတ်နိုင်ဘဲ သူ့ရဲ့သရုပ်ဆောင်ကောင်းမှုကို သုံးဆယ်နှစ်ကြိမ်လောက် ချီးကျူးလိုက်မိတယ်။

သူကတစ်ဖက်မှာ သူ့ရဲ့သစ္စာရှိမှုကို ဖော်ပြနိုင်ပြီး နောက်တစ်ဖက်မှာလည်း လူသားနယ်မြေကိုထပ်သွားနိုင်ဖို့အတွက် အကြောင်းပြချက်ရှာတွေ့သွားခဲ့တယ်လေ။

ဒါကတကယ်ကြီးကို ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကိုထိသွားတာပဲ! *သူ့မှာကိတ်မုန့်ရှိပြီး အခုလည်း စားနေရပြီ!! [T/N: စကားပုံတစ်ခုဖြစ်မယ်၊ အစ်မလည်း မြန်မာလို ဆီလျော်အောင် မပြန်တတ်လို့]

"အရှင်၊ ကျေးဇူးပြုပြီး စိတ်ချလက်ချနားနေပါ၊ ကျွန်တော်အဲ့တာကို အရှင့်ဆီယူလာပါ့မယ်"

နတ်ဆိုးဘုရင်ယုံးယဲ့ဘာတစ်ခွန်းမှမပြောဘူး။ သူ့မျက်ဝန်းနက်ကြီးတွေနဲ့ပဲ ပိုင်ရန်ကိုစိုက်ကြည့်နေတယ်။ ပိုင်ရန် သတိချပ်ပြီးဆက်ပြောတယ် "အရှင်၊ တကယ်လို့တခုခုပြောစရာမရှိတော့ဘူးဆိုရင်၊ ဒီအစေခံက ထွက်သွားလိုက်ပါတော့မယ်။

နတ်ဆိုးဘုရင်ကြီးဘာတွေတွေးနေတယ်ဆိုတာ နားမလည်တော့ဘူး။ သူ့အကြည့်တွေက တစ်ကြိမ်မှာ အင်မတန်အန္တရာယ်များနေပြီး နောက်တော့မယုံနိုင်စရာကောင်းလောက်အောင် ကြည်လင်နေတာပဲ။ အချိန်ခဏကြာပြီးနောက် သူ့လက်ကိုဝှေ့ယမ်းပြီး ပိုင်ရန်ကိုထွက်သွားဖို့ အမူအရာလုပ်ပြလိုက်တယ်။

ပိုင်ရန် အမှောင်ထုနန်းတော်ကနေ ထွက်လာပြီး သူ့အသက်က ဒီအပေါ်မှာမူတည်နေတယ်လို့ တွေးနေမိတယ်။

နန်းတော်တံခါးကနေ ထွက်လာပြီးတော့ သူ့နောက်ကျောတွေ အေးလာတာကို ခံစားလိုက်မိတယ်။ သူလည်း ချွေးအေးတွေနဲ့ စိုရွှဲနေလေတယ်။

သူဒီတိုင်းတွေးလိုက်တာက အမှောင်ထုနန်းတော်မှာနေရင် ပြဿနာသိပ်မရှိလောက်ဖူးပေါ့၊ ဒါပေမယ့် နန်းတော်ကပိုပြီးတောင် အန္တရာယ်များနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ သူဒီလိုဖြစ်မယ်မှန်းသာသိရင် သူ့အိမ်တော်ကိုပဲပြန်ပြီး သူ့ရဲ့ပြည့်တန်ဆာလေးတွေနဲ့ပဲ ထိုက်ချိကိုလေ့ကျင်နေတော့မှာပေါ့။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now