အပိုင်း - ၇၁

11.5K 1.7K 59
                                    

{Zawgyi}

နတ်ဆိုးဘုရင်ကြီးကတော့ အကျအနဝတ်စားထားပြီး ပိုင်ရန်အနားကပ်လာမှာကို စောင့်နေလိုက်တယ်။ “မင်းကျောပေါ်မှာ ဆူးတွေအများကြီးရှိနေသေးတယ်” သူ အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ်။ “ကိုယ်တော် မင်းကို ထုတ်ပေးမယ်”

ပိုင်ရန်က နတ်ဆိုးဘုရင်ကြီးရဲ့ဝတ်ရုံကို ဝတ်နေတုန်းတန်းလန်းကြီးဖြစ်တယ်။ နတ်ဆိုးဘုရင်ကြီးရဲ့ အကြံပြုချက်ကိုကြားလိုက်ရတဲ့အခါ တွန့်သွားတယ်။

နတ်ဆိုးဘုရင်ကြီးလည်း သတိပြုမိပြီး တရင်းတနှီးပြုံးပြကာ “အဆင်ပြေပါတယ်၊ ကိုယ်တော် အဆိပ်ရှိတဲ့ဆူးတွေကို ထုတ်ပြီး လိမ်းဖို့အတွက် ဆေးမြစ်တချို့ရှာပေးမယ်လေ… ဘယ်လောက်မှမကြာဘူး ပြန်ကောင်းသွားမှာပါ”

သူပြောနေရင်း လက်ကိုမရဲတရဲဆန့်ထုတ်ကာ ပိုင်ရန့်ကျောကို ထိလိုက်တယ်။ [ T/N : ယနေ့ထိပ်စီးခေါင်းစဉ် - ဂူတစ်ဂူထဲတွင် မသမာမှုဖြစ်ပွားပြီးနောက် သခင်နဲ့အစေခံတို့ ဝိဉာဉ်ပြောင်းလဲ ]

တစ်လက်မ၊ နောက်တစ်လက်မ ပြီးနောက်ထပ်တစ်လက်မစီ…

သူ့ရှေ့ကလူငယ်လေးက သူ့ကိုယုံကြည်သွားပုံရပြီး မရုန်းတော့ဘူး။

နတ်ဆိုးဘုရင်ကြီး ပိုင်ရန့်နောက်ကျောကို ထိလိုက်ချိန်မှာ အငြင်းမခံရတဲ့အတွက် စိတ်ထဲမှာသာ ကြိတ်ပြီးသက်ပြင်းချမိတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ပိုင်ရန့်ကျောက ဆူးတွေကို ထုတ်ပေးနေပြီး ပိုင်ရန့်ရဲ့ကိုယ်တုံးလုံးခန္ဓာကိုယ်လေးကို မကြည့်မိအောင် အတတ်နိုင်ဆုံးကြိုးစားနေရတယ်။

ပိုင်ရန် ဆူးနဲ့စူးမိတဲ့နေရာတွေက ယောင်ကိုင်းလို့တောင်နေပြီဖြစ်ကာ စက်ဝိုင်းကြီးတွေလို ဖောင်းထွက်နေပြီ။ သူ့ရဲ့ကျစ်လျစ်လှတဲ့ကြွက်သားတွေကလည်း အခုဆို ပေါက်စီလုံးလေးတွေလိုဖြစ်နေတယ်။ လုံးဝကို ဆွဲဆောင်မှုရှိမနေဘူးလို့တောင် ပြောရမယ်။ ဆိုပေမယ့်လည်း… နတ်ဆိုးဘုရင်ကြီးအဖို့တော့ ထူးထူးခြားခြားဆွဲဆောင်မှုအပြည့်ဖြစ်နေတယ်။

သူ့ပုခုံးပေါ်မှာ စိမ်းပြာရောင်ဒဏ်ရာတွေရှိနေတာက မနေ့ညတုန်းက သူကိုက်လိုက်လို့…

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now