အပိုင်း - ၅၉

10.1K 2.1K 126
                                    

{Zawgyi}

လူတိုင်းကြောက်ရွံ့ထိတ်လန့်စွာနဲ့ ဖောက်မဝင်ဘဲချက်ချင်းရပ်တန့်လိုက်ကြတယ်။

နတ်ဆိုးဘုရင်ကြီးက လေထဲမှာပဲရှိနေတုန်းဖြစ်ပြီး ထိုလူအုပ်ကိုအထင်သေးစက်ဆုတ်နေဟန်နဲ့ မျက်လုံးထောင့်ကပ်ကြည့်လိုက်တယ်။ ထို့နောက်အေးစက်စွာနှာခေါင်းရှုံ့ပြီး ပိုင်ရန့်ကို ခပ်တင်းတင်းကိုင်ကာ ပျောက်ကွယ်သွားတော့တယ်။

နတ်ဆိုးဘုရင်ကြီး သူ့ကိုထိတွေ့လို့မရနိုင်ဘူးဆိုတာကို ပြဖို့ကြိုးစားမှန်း ပိုင်ရန်သိတယ်။ လူသားနယ်မြေရဲ့နယ်နမိတ်စည်းက သူ့ရဲ့ကျင့်ကြံခြင်းကို ဖိနှိပ်ထားတဲ့အပြင်ကိုမှ လတ်တလောသူ့ရဲ့ချီကမောက်ကမဖြစ်တဲ့ ဖိအားရယ်၊ ပိုင်ရန့်ကို ကူးပြောင်းပေးလိုက်တာရယ်၊ တခြားသူတွေနဲ့တိုက်ခိုက်နေရတာတွေကြောင့် သူ့ခန္ဓာကိုယ်က ထိခိုက်နေပြီ။

သူတို့သာဆက်တိုက်နေမယ်ဆိုရင် သူတို့လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး။

သူတို့လှည့်ကွက်ကြောင့် အချိန်နည်းနည်းရသွားတယ်။ တခြားသူတွေက သူတို့ရဲ့စွမ်းရည်ကိုမခန့်မှန်းနိုင်အောင်လုပ်ပြီး သူတို့ရန်သူက သူတို့နောက်လိုက်ဖို့တောင် ကြောက်သွားအောင်လုပ်လိုက်တာဖြစ်တယ်။

နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ကိုသူ့ရင်ခွင်ထဲထွေးပွေ့ထားရင်း ဖြတ်လမ်းရှိရာကို တည့်တည့်ပျံသန်းသွားလိုက်တယ်။

သူတို့ဖြတ်လမ်းကဝင်ပေါက်ကိုရောက်တယ်ဆိုရင်ပဲ အဝေးတစ်နေရာကပုံရိပ်တစ်ခုက သူတို့ဆီပျံသန်းလာပြီး ဒူးထောက်ချကာပြောလိုက်တယ် “ဒီအစေခံက အရှင်ကြီးရောက်လာတာကို မသိခဲ့တာကြောင့် ကူညီပေးဖို့ပျက်ကွက်ခဲ့ပါတယ်၊ အရှင်ကြီး ခွင့်လွှတ်ပေးပါ”

ဒူးထောက်ထားတဲ့သူက လော့ကျန်းဖန်းဖြစ်တယ်။ နတ်ဆိုးဘုရင်ကြီးက သူ့ကိုဆင့်ခေါ်ထားတာဖြစ်ရမယ်။

နတ်ဆိုးဘုရင်ကြီး လက်ယမ်းပြလိုက်တယ်။ “မင်းရဲ့တာဝန်က အရေးပါတော့ ထွက်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ မင်းမြန်မြန်ရောက်လာတာပဲကောင်းတယ်… ထတော့”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now