{Zawgyi}
"ကျိုးရင် အဲ့တာကျိုးရင်ပဲ!" တစ်စုံတစ်ယောက်က အော်ဟစ်လာတယ်။
တိမ်လွှာပျံဝဲဂိုဏ်းထိပ်ပိုင်းမှာ လူတွေနဲ့ပြည့်နေတယ်။
တိမ်စိုင်မုန်တိုင်းတွေကလည်း တောင်ပေါ်မှာ လူးလွန့်နေပြီး တိမ်လွှာတွေက နိမ့်ဆင်းလာတယ်။
ပြင်းထန်တဲ့လေတွေက တောအုပ်ကိုဖြတ်ကျော်ကာ လူအုပ်ကြားထဲ တိုးဝင်ပြီး သူတို့ရဲ့အကျီလက်စတွေကို တလွင့်လွင့်ဖြစ်နေစေတယ်။
တိမ်လွှာပျံဝဲဂိုဏ်းခေါင်းဆောင်၊ အကြီးအကဲနဲ့ ဖီးနစ်မြို့တော်အရှင်တို့က ထိပ်ဖျားက ပင်မဆောင်မှာ ရပ်နေကြတယ်။ သူတို့တွေလည်း ခေါင်းအစခြေအဆုံး ချုံးချုံးကျကာ နွမ်းလျနေပုံပေါ်တယ်။ သူ့တို့ရဲ့နောက်ကလိုက်ပါလာကြတဲ့ မရေမတွက်နိုင်တဲ့တပည့်တွေကလည်း လက်နက်တွေမြှောက်ကာ မြေပြန့်ပေါ်က နတ်ဆိုးဘုရင်ကြီးနဲ့သူ့လူတွေကို ဝိုင်းထားကြတယ်။
မြေပြင်ပေါ်မှာ အလောင်းတွေနဲ့ ဖုံးလွှမ်းနေပြီး အများစုကတော့ ကျင့်ကြံသူတွေဖြစ်ကာ သူတို့ကြားမှာ နတ်ဆိုးနယ်မြေက အဖွဲ့ဝင်တချို့ ဟိုတစ်ယောက် ဒီတစ်ယောက်ရှိကြတယ်။
အခုချိန်မှာ တိမ်လွှာပျံဝဲဂိုဏ်းရဲ့ အကြီးအကဲတွေကို သုတ်သင်လို့ ပြီးလုနီးပါးပဲ။
တခြားဂိုဏ်းက အကြီးအကဲအများစုကိုလည်း သတ်ဖြတ်လို့ပြီးသွားပြီ။
နှစ်ဖက်စလုံး ကြီးလေးတဲ့ဆုံးရှုံးမှုကို ခံစားကြရတယ်။
အနီးနားမှာ ဂိုဏ်းအကြီးကြီးတွေဆီက ကျန်နေသေးတဲ့ကျင့်ကြံသူတွေအားလုံး အတူတကွပေါင်းစည်းပြီး နေရာအနှံ့မှာ ထောင်ခြောက်တွေ ဆင်ထားကြတယ်။
ကောင်းကင်ကြီးဆီက လှမ်းကြည့်မယ်ဆိုရင် နေရာတိုင်းမှာ လူတွေရှိနေတယ်။
ပြီးတော့ အခုချိန်မှာ ထိုလူတွေအားလုံးက လေထဲမှာရှိနေတဲ့ကျိုးရင်ကို ခေါင်းမော့ပြီး ကြည့်လာကြတယ်။
ပိုင်ရန်က ကျိုးရင်နောက်ကလိုက်ပြီး ထိပ်ပိုင်းဆီ ပျံသွားလိုက်တယ်။
YOU ARE READING
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}
FantasyTitle - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanmar Translator - Kay_Wine 😉