အပိုင်း-၂၅ (Zawgyi + Unicode)

14.9K 2.2K 16
                                    


{Zawgyi}

ပိုင်ရန်အိမ်ထဲကို လျှောက်သွားတော့ လော့ကျန်းဖန်ဘေးနားမှာရှိနေတဲ့ အသက်ငါးဆယ် ခြောက်ဆယ်အရွယ်ဝန်းကျင်ရှိတဲ့ လူကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူဝတ်ဆင်ထားတဲ့မီးခိုးရောင်ဝတ်ရုံရဲ့ အနားသတ်တွေနဲ့ လည်ပင်းအပတ်နေရာမှာ ပျံသန်းနေတဲ့ငှက်ပုံကို ထိုးထားတယ်။ ပိုင်ရန်ထိုငှက်ကိုတွေ့တာနဲ့ ဒီလူက တိမ်နက်ဂိုဏ်းကဆိုတာကို သိလိုက်ရတယ်။

ဒီလူကလော့ကျန်းဖန်တိမ်နက်ဂိုဏ်းကို စူးစမ်းဖို့လွှတ်ထားတဲ့သူလား ဒါမှမဟုတ် အဲ့ဂိုဏ်းရဲ့သစ္စာဖောက်လားဆိုတာကို ပိုင်ရန်လည်းမပြောနိုင်ဘူးဖြစ်နေတယ်။

"ဒါကနတ်ဆိုးစစ်သည်လေးပါးထဲက ရှဲ့ဇီထျန်းပဲ" ပိုင်ရန်ဝင်လာတာကိုမြင်တော့ လော့ကျန်းဖန်ကမိတ်ဆက်ပေးလိုက်တယ်။

လူအိုကြီးက အလျင်အမြန် သကာဆမ်းထားသလို လေးစားမှုအပြည့်နဲ့ ပိုင်ရန်ကိုအရိုအသေပေးလိုက်တယ်။ "အရှင်ရှဲ့ကို နှုတ်ဆက်ပါတယ်၊ အရှင့်ရဲ့ပြောင်မြောက်တဲ့စစ်ရေးသတင်းတွေနဲ့ အားကောင်းတဲ့ချီစွမ်းအင်တွေအကြောင်းကို ကြားဖူးပါတယ်၊ ဒါပေမယ့် ကျွန်တော်အခုမြင်လိုက်မှပဲ သူတို့တွေချဲ့ကားပြောနေကြတာမဟုတ်မှန်း သိလိုက်ရတယ်"

ပိုင်ရန်သူ့ကို ခေါင်းသာငြိတ်ပြလိုက်ပြီး လော့ကျန်းဖန်ဆီကိုသာ အကြည့်ပြန်လွှဲလိုက်တယ်။

လော့ကျန်းဖန်က ထပ်မိတ်ဆက်ပေးတယ် "ဒါကတိမ်နက်ဂိုဏ်းရဲ့အကြီးအကဲချိုးပါ"

သူကတကယ်ကြီး အကြီးအကဲတစ်ယောက်လား?

လော့ကျန်းဖန်က သူကိုယ်တိုင်လူတစ်ယောက်ကို ခေါ်လာတယ်ဆိုတော့ အကြီးအကဲချိုးကယုံကြည်ရတဲ့သူ ဖြစ်လောက်တယ်။ လော့ကျန်းဖန်ယုံကြည်မှုကို ရဖို့ဆိုတာက လွယ်တာမဟုတ်ဘူး.. အဲ့တာကြောင့် အကြီးအကဲကသူ့နှလုံးသားတစ်ခုလုံးကို ပြောင်းလဲလိုက်တာပဲဖြစ်ရမယ်။ ခုတော့သူကနတ်ဆိုးတွေဘက်ကနေပြီး နယ်မြေထောက်တိုင်တွေကို ဖျက်ဆီးပစ်တော့မယ်။

တချို့လူတွေဘာကြောင့်များ နတ်ဆိုးတွေတိုက်ခိုက်ကြမှာကို ကူညီပေးရတာလဲဆိုတာ ပိုင်ရန်လုံးဝနားမလည်နိုင်ဘူး။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now