အပိုင်း-၂၃ (Zawgyi + Unicode)

14.4K 2.6K 564
                                    


{Zawgyi}

ပိုင်ရန် အော်လိုက်တယ် “ငါကသေတော့မှာကို မင်းဘယ်လိုတောင်ပြောထွက်နိုင်တာလဲ?”

ရှောင်လင်း ရုတ်တရက်ရှက်သွားကာ ချောင်းခြောက်လေးဆိုပြီးပြန်ပြောတယ် “ကျွန်မက .. ဒီတိုင်း အကျင့်ပါပြီး လွှတ်ခနဲထွက်သွားတာ…”

“ရှဲ့ဇီထျန်း မင်းကတကယ်ကို သတ္တိတွေရှိနေတာပဲ၊ ကိုယ်တော်ရှိနေတာတောင် အာရုံတွေလွင့်နေနိုင်သေးတယ်ပေါ့?” နူးညံ့တဲ့အသံတစ်ခု ပိုင်ရန့်နားစည်ထဲထိုးဖောက် ၀င်ရောက်လာတော့မှ သူ့စိတ်သူပြန်ကပ်တော့တယ်။ သူရှောင်လင်းနဲ့ငြင်းခုန်နေရတာနဲ့တင် သူကသွေးအေးတဲ့နတ်ဆိုးဘုရင်ကြီးရှေ့မှာရပ်နေတယ်ဆိုတာကို မေ့သွားတော့တယ်!

ကြည့်ရတာ ဒီအခြေအနေကိုပြန်ပြင်လို့ရနိုင်ဖို့မမြင်တော့ဘူး။ အဲ့တော့လည်း ဆက်ပြီးသရုပ်ဆောင်ရမှာပျင်းလာပြီ။ အမှားပုစိလေးလုပ်ရင်တောင် သေတော့မယ်မှတ်လား ဟမ်… သူက computer data ပိုင်းတစ်ခုပဲလေ ဘာလို့သူ့ကိုပိုင်ရန်က ဦးညွှတ်နေရမှာလဲ?

“နတ်ဆိုးဘုရင်ကြီး ကျီဇီရွှမ် … ငါမင်းကိုကိုင်တယ် အဲ့တော့ဘာဖြစ်လဲ? ငါမင်းကိုကိုင်ချင်လို့ကိုင်တာလေ! ငါ၊ ဒီသခင်လေးက မင်းအပေါ် ခံစားနေရလို့ ခံစားချက်ရှိသလိုလုပ်လိုက်တာ! အဲ့တော့ဘာဖြစ်လဲ? မင်းငါ့ကိုသတ်ချင်တယ်ဆိုရင်လည်း ဒီတိုင်းလာလိုက်ပါတော့!” ပိုင်ရန် ရောက်လာမယ့်နာကျင်မှုကိုစောင့်ကြိုနေကာ မျက်လုံးကိုစုံမှိတ်ပြီးအော်ဟစ်လိုက်တယ်။ ခဏကြာတာတောင် မျှော်လင့်ထားတဲ့နာကျင်မှုကရောက်မလာတာကြောင့် မျက်လုံးတစ်ဖက်ဖွင့်ပြီး ခိုးကြည့်လိုက်တယ်။ နတ်ဆိုးဘုရင်ကြီးက တုတ်တုတ်တောင်မလှုပ်ဘဲ မျက်နှာကလည်းအတော်အံ့သြနေပုံရတယ်။ ပြီးနောက် အံ့သြနေရာကနေအသိပြန်ဝင်လာတော့ ရှုပ်ထွေးနေတဲ့အမူအရာတွေ မျက်နှာမှာစတည်းချလာတယ်။

ဒီလိုအပြောင်းအလဲမြန်တာက တစ်ယောက်ယောက်ကို တကယ်ကြီးကြောင်တောင်သွားစေတယ်။

နတ်ဆိုးဘုရင်ကြီးက ၀တ္တုထဲမှာပေါ်လာခဲတယ် အဲ့တာကြောင့် သူ့ဇာတ်ကောင်က မောက်မာပြီး နက်နဲတယ်ဆိုတာပဲသိတယ်ပြီး ဒီလိုအခြေအနေတွေမှာဆိုရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိတော့ဘူး။ သူအခြေအနေကိုပြောင်းလဲအောင်ကြိုးစားတော့ရော ဘာဖြစ်လာမှာမို့လို့လဲ? အသတ်မခံရအောင် သူဘယ်လိုပြောင်းနိုင်မှာလဲ?

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Tahanan ng mga kuwento. Tumuklas ngayon