အပိုင်း - ၆၀

11.1K 2.1K 69
                                    

{Zawgyi}


“အရှင်ကြီး…”

“ကိုယ်တော်နဂိုတိုင်းပြန်ဖြစ်လာသလို ခံစားရတယ်” နတ်ဆိုးဘုရင်ကြီးပြောလိုက်တယ်။ မျက်မှောင်လေးကြုတ်ရင်းပြောတယ် “အစတုန်းကတော့ ဒါကအချိန်တော်တော်ကြာမယ်လို့ ထင်ထားတာ၊ ဒါပေမယ့် ချီကမောက်ကမဖြစ်ပြီးတဲ့နောက်မှာ ကိုယ်တော်မှာရှိနေတာထက် တစ်ဝက်ကျော်လောက်ပြန်ကောင်းလာတယ်၊ နောက်တစ်ခုထပ်လုပ်ရလည်း မခက်ပါဘူး”

ပြီးခဲ့တဲ့တစ်ခေါက် ချီကမောက်ကမဖြစ်တာ တော်တော်လေးပြင်းထန်တယ်။ အရင်တုန်းက အခုလိုမျိုး တစ်ခါမှစိတ်မလွတ်သွားဖူးဘူး။ သို့ပေမယ့် အဲ့အချိန်တုန်းက ရှဲ့ဇီထျန်းကြောင့်သာမဟုတ်ရင်… ဘယ်လိုတွေဖြစ်ကုန်မလဲဆိုတာ ဘယ်သူသိမှာလဲ။

ရှဲ့ဇီထျန်းက ကျောက်စိမ်းတိမ်လွှာပုလဲကိုသွားယူဖို့ သူ့ဦးနှောက်လေးနဲ့ ဖြစ်ညှစ်ပြီးအကြံအစည်တွေထုတ်ခဲ့ရတာ။ နတ်ဆိုးဘုရင်ကြီး ထိန်းချုပ်လို့မရနိုင်ဖြစ်နေတာကိုမြင်တော့ ရှဲ့ဇီထျန်းလည်း ကြံမိကြံရာတွေဖြစ်ကုန်တာပေါ့။ သူ့အတွက်တော့ ပုလဲက နှင်းထူတဲ့ညမှာ ပို့ပေးလိုက်တဲ့မီးသွေးတုံးလေးလိုပဲ။

နတ်ဆိုးဘုရင်ကြီးက ဒီကိစ္စကို ကိုင်တွယ်ဖို့ပြင်ဆင်ထားတာရှိတယ်။ ဒီသုံးလအတွင်းမှာ သူ့ရဲ့ဖောက်လွဲဖောက်ပြန်ဖြစ်တာကို စိတ်ပူရလိမ့်မယ်လို့။ [T/N : ပိုင်ရန့်ကို သူ့ရဲ့ကျင့်ကြံချင်းကိုခွဲပြီး ဆေးလုံးလုပ်ပေးလိုက်ရတော့ ပိုဆိုးလာမယ့်အရာကိုပြောချင်တာပါ]

ချီကမောက်ကမဖြစ်တာက ဒီလောက်မြန်မြန်ပြန်ကောင်းသွားနိုင်တာက ထူးဆန်းနေတယ်။ ရှဲ့ဇီထျန်းတစ်ခုခုလုပ်လိုက်လို့ဖြစ်မယ်။

ရှဲ့ဇီထျန်းဘာမှမပြောရင်တောင် နတ်ဆိုးဘုရင်ကြီးက ဒီတစ်ကြိမ်ကို အမှတ်ရနေမှာပဲ။

ပိုင်ရန် စိုးရိမ်မိတယ်။ ဆေးလုံးကို တစ်ခါလက်ခံပြီးနေပြီ။ ဘယ်လိုမျိုးပဲပေးလာလာ သူနောက်တစ်ကြိမ်လက်မခံနိုင်တော့ဘူး။ အဲ့တာကို လက်ခံရလောက်တဲ့အထိ အရှက်မမဲ့ဘူး။

“အရှင်ကြီး ကျွန်တော်မျိုးကို အရှင်ကြီးစုဆောင်းလာခဲ့ရတာတွေကို ဆေးလုံးလုပ်ပြီးပေးစရာမလိုပါဘူး၊ ဒီတိုင်းရှိတာကိုပဲ ကျွန်တော်ကျေနပ်ပါတယ်”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now