အပိုင်း - ၈၁

7.2K 1.5K 35
                                    


{Zawgyi}


ပိုင်ရန် သင်္ကာမကင်းစွာ ခေါ်လိုက်မိတယ် "အရှင်ကြီး?"

"မင်းက ပန်းတွေကို သဘောကျတာလား?" နတ်ဆိုးဘုရင်ကြီးက ရုတ်တရက် မေးလာတယ်။

ပိုင်ရန်လည်း မသိလိုက်မသိဖာသာ ပြန်ဖြေလိုက်တယ် "ကြိုက်ပါတယ်"

"ကိုယ်တော်တို့တွေ ရေတံခွန်ကို မမြင်ရတော့ဘူးဆိုပေမယ့် ပန်းပင်လယ်ကို မြင်ရမယ်ဆိုတော့ ကောင်းပါတယ်လေ" နတ်ဆိုးဘုရင်ကြီးနှုတ်ခမ်းတွေက တွန့်ကွေးလာကာ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာတယ်။ သူ့စိတ်အခြေအနေကလည်း သိသိသာသာကို တိုးတက်လာတယ်။ "ပြောနေကြတဲ့ ပန်းပင်လယ်ဆိုတာ ဘယ်လိုမျိုးမှန်း ကိုယ်တော်သိချင်လာပြီ"

အစတုန်းက ရေတံခွန်ဆိုပြီး လျှောက်ပြောခဲ့တဲ့ပိုင်ရန်လည်း နည်းနည်းတော့ အပြစ်မကင်းဖြစ်နေရတယ်။ ဒါကြောင့် တစ်ဖက်လူအပေါ် သူ့သဘောထားက အတော်လေးကောင်းမွန်နေတယ်။ "အရှင်ကြီး တစ်ချက်လောက် သွားကြည့်ချင်တယ်ဆိုရင် ကျွန်တော် အဖော်ပြုပေးပါ့မယ်"

နတ်ဆိုးဘုရင်ကြီးက ချောင်းလေးဟန့်ကာ အနည်းငယ်မသက်မသာဟန်နဲ့ "ကိုယ်တော်က စိတ်ဝင်စားနေတာမျိုးရယ်လည်း မဟုတ်ပါဘူး၊ ဘယ်လိုနေနေ ကိုယ်တော်တို့မှာ တခြားသွားစရာနေရာမှမရှိပဲ... စုံတွဲလေးတွေဆိုတဲ့ နေရာကို တစ်ချက်လောက် သွားကြည့်တာ ပိုကောင်းတာပေါ့"

"အရှင်ကြီး မှန်ပါတယ်" နတ်ဆိုးဘုရင်ကြီးက သူ့ကိုသံသယဝင်နေလား မဝင်ဘူးလားဆိုတာကို ပိုင်ရန် သိပ်မသေချာသေးဘူး။ သူ့မှာ စိတ်လှုပ်ရှားနေရတာကြောင့် နတ်ဆိုးဘုရင်ကြီး ဘာပြောပြောအလိုက်အထိုက်လုပ်နေတော့တယ်။

လျှိုမြောင်ကို ဘယ်လိုသွားရမလဲမေးပြီးနောက် သူတို့ဦးတည်ရာကို မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာတယ်။

လျှိုမြောင်က အန်နင်းရွာနဲ့ ၁၀လီအကွာ အတော်လေးဝေးလံခေါင်သီတဲ့နေရာမှာ တည်ရှိတယ်။ လမ်းက အရမ်းချောမွေ့နေတာမျိုးမဟုတ်သလို တောင်အမြင့်တစ်လုံးကိုလည်း ဖြတ်ကျော်လာရသေးတယ်။ အသက်မရှုစတမ်း ဖြတ်ကျော်ပြီးမှ နောက်ဆုံး တောင်နှစ်လုံးကြားရှိ လျှိုမြောင်ဆီကို ရောက်တာဖြစ်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now