အပိုင်း - ၆၈

10.5K 2.1K 228
                                    

{Zawgyi}

ပိုင်ရန်မျက်နှာငယ်လေးနဲ့ ပြောလိုက်တယ် "အရှင်ကြီး သွားကြရအောင်ပါ၊ ပြန်လည်မွေးဖွားခြင်းကူကောင်က ကျွန်တော့်ကို ဒီလောက်လည်း စိတ်မရှုပ်စေပါဘူး"

သူပြောနေရင်းနဲ့လည်း နတ်ဆိုးဘုရင်ကြီးကို ဆွဲထုတ်ဖို့ကြိုးစားနေတယ်။ သူဘယ်လောက်ပဲ ဆွဲနေပါစေ နတ်ဆိုးဘုရင်ကြီးက အနည်းငယ်တောင် မလှုပ်ဘူးလို့တော့ ဘယ်သူကသိမှာလဲ။

"မင်း အဲ့ကျောက်စိမ်းတိမ်လွှာပုလဲကို တကယ်ပဲလိုချင်တာလား? တခြားဟာ ဖြစ်လို့မရဘူးလား?" နတ်ဆိုးဘုရင်ကြီးလေသံက အရင်အတိုင်းတည်ငြိမ်နေတုန်းပဲဖြစ်တယ်။

"တကယ်လိုနေတာ" အနက်ရောင်ဆံပင်နဲ့လူငယ်လေးက နှုတ်ခမ်းကိုကိုက်ကာ "အစ်ကိုကြီးနတ်ဆိုးဘုရင် စိတ်မပူပါနဲ့၊ အဲ့ကျောက်စိမ်းတိမ်လွှာပုလဲကို ပေးလိုက်ပြီဆို နောင်တရမှာမဟုတ်ဘူးနော်၊ ကျွန်တော် ကတိပေးနိုင်တယ်"

သူပြောပြီးတော့ လောင်ပင်းက စိုးရိမ်ပူပန်နေတဲ့ ပိုင်ရန့်ကို တစ်ချက်ကြည့်‌ပြီး နတ်ဆိုးဘုရင်ကြီးနဲ့ မျက်လုံးချင်းဆုံကာ မျက်တောင်မခတ်စတမ်းကြည့်နေတော့တယ်။

ပိုင်ရန်က လူငယ်လေးကို လုံးဝအာရုံစိုက်မနေဘူး။ နတ်ဆိုးဘုရင်ကြီးက ထွက်သွားဖို့တွန့်ဆုတ်နေတာကိုသာ မြင်နေရတဲ့အတွက် ပိုင်ရန်ပိုပြီးစိုးရိမ်လာတယ်။ "အရှင်ကြီး တကယ်လို့ ကျွန်တော့်ကိုကုသပေးဖို့အတွက် မြို့အရှင်နဲ့ ကျောက်စိမ်းတိမ်လွှာပုလဲကို လဲပေးလိုက်မယ်ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး!"

နတ်ဆိုးဘုရင်ကြီးက သူပြောတာကို ကြားပုံမပေါ်ဘဲ ခဏလောက်တိတ်ဆိတ်သွားတယ်။ ထို့နောက် မြို့အရှင်ငယ်လေးကို မျက်နှာချင်းဆိုင်ပြီး ဩရှတဲ့အသံနဲ့ ပြောလိုက်တယ် "ကောင်းပြီ အပေးအယူဖြစ်တယ်"

ပိုင်ရန်မျက်လုံးတွေ ပြူးကျယ်ကုန်ပြီ "အရှင်ကြီး!"

နတ်ဆိုးဘုရင်ကြီးက သူ့ခေါင်းကို အသာလေးလာပုတ်ပေးတယ် "စိတ်မလှုပ်ရှားပါနဲ့ အဆင်ပြေပါတယ်"

'ဘယ်လိုလုပ် အဆင်ပြေမှာလဲ?'

'အဲ့ကျောက်စိမ်းတိမ်လွှာပုလဲကို ပေးပစ်လိုက်ပြီဆိုရင် ခင်ဗျားကြီးရဲ့ ချီကမောက်ကမဖြစ်တာကို ဘယ်လိုဖြေရှင်းတော့မလဲ?'

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now