အပိုင်း -၃၁ (Zawgyi + Unicode)

12K 2K 57
                                    

{Zawgyi}

နတ်ဆိုးဘုရင်ကြီးက သူ့ကိုလှမ်းကြည့်နေတယ်၊ အဲ့အကြည့်ကနေ ဆိုလိုချင်နေတာတွေကို ပိုင်ရန်နားလည်နေတယ် 'မင်းရှင်းပြစရာမလိုပါဘူး၊ ကိုယ်တော်နားလည်ပြီးသား'။ ပိုင်ရန်ရုတ်တရက်ကြီး စကားပြန်မပြောနိုင်လောက်အောင်ကို အံ့သြသွားရတယ်။

"ကောင်းပြီ၊ မင်းအရင်သွားနှင့်တော့" ကြီးမြတ်တဲ့နတ်ဆိုးဘုရင်ကြီးက ဒီကိစ္စကိုရှေ့ဆက်မပြောချင်တော့သလို ပုံဖြစ်နေတယ်။

ပိုင်ရန် သူ့ကိုရှင်းပြဖို့မဖြစ်တဲ့အပြင် ရှင်းပြချင်စိတ်လည်း မရှိတာကြောင့် ထွက်လာခဲ့လိုက်တယ်။

နန်းတော်ကလူတွေကသူအနားယူဖို့ နေရာသက်သက်တောင် စီစဉ်ပေးထားတယ်။ နတ်ဆိုးဘုရင်ကြီးကလည်း သက်သာလာပြီဖြစ်တာကြောင့် အမှောင်ထုနန်းတော်ကိုမပြန်ခင် နောက်တစ်ညလောက်သာနေဖို့လိုတော့တယ်။

နတ်ဆိုးဘုရင်ကြီးရဲ့စကားတွေက ပိုင်ရန့်ကိုအများကြီးဒုက္ခရောက်စေပြီး မတိုင်းဆနိုင်လောက်အောင် ထိတ်လန့်စေတယ်။

အရင်တုန်းက နတ်ဆိုးဘုရင်ကြီးဆိုတာ တခြားသူတွေရဲ့အထက် မိုးကုတ်စက်ဝိုင်းရဲ့ဟိုးအဝေးမှာရှိတဲ့လမင်းကြီးတစ်စင်းလိုဖြစ်နေမှာလို့ ထင်ခဲ့ဖူးတယ်။ သူဆိုတာ မပိုင်ဆိုင်နိုင်၊ လက်လှမ်းမမှီနိုင်၊ သေမျိုးကိစ္စရပ်တွေနဲ့ မသက်ဆိုင်တဲ့ နတ်သားတစ်ပါးပေါ့...။ ခုကျတော့ အကြိမ်ပေါင်းများစွာတွေ့ပြီးနောက် နတ်ဆိုးဘုရင်ကြီးက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတဲ့ရောဂါစွဲကပ်နေတဲ့သူတစ်ယောက်ဆိုတာကို သတိထားမိလိုက်တယ်။ ဆုံးဖြတ်ချက်တစ်ခါချလိုက်ပြီဆိုရင် ကျွဲကိုးကောင်လောက်နဲ့တောင် သူ့ကိုမဆွဲနိုင်တော့ဘူး။

လူတိုင်းမှ အားနည်းချက်ကိုယ်စီရှိကြတာပဲ။ အဲ့တော့ ဇာတ်ကောင်မှာအားနည်းချက်ရှိတယ်ဆိုတာ ပိုပြီးလက်တွေ့ကျတာပေါ့။

ပိုင်ရန် နတ်ဆိုးဘုရင်ကြီးက အသွေးအသားနဲ့လုပ်ထားတယ်ဆိုတာ လုံးလုံးနားလည်တယ်။ သူလည်းလုံးဝကို အမှားတွေ၊ လိမ်ညာတာတွေ၊ ရှက်စဖွယ် အပြုအမူလုပ်တာတွေနဲ့ အတ္တကြီးတာတွေ လုပ်နိုင်တာပဲ။ ပိုင်ရန်တွေးထားခဲ့ဖူးသလို သိပ်လည်းကြောက်စရာကောင်းမနေပါလား။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now