အပိုင်း - ၉၄

6.7K 1.5K 111
                                    

{Zawgyi}

ပိုင်ရန် အနည်းငယ်တော့ နေသားမကျဖြစ်သွားတယ်။ ရှောင်လင်းက သူ့ကို ဟိုးအစကတည်းက အဖော်ပြုပေးခဲ့ပြီး သူ့ဘေးကနေ ဘယ်တုန်းကမှ ထွက်သွားခဲ့ဖူးတာမဟုတ်ဘူး။ သူတို့အချင်းချင်းလည်း အတော့်ကို နက်နက်ရှိုင်းရှိုင်းသံယောဇဉ်တွယ်နေပြီဖြစ်တယ်။ ဒီကမ္ဘာကြီးထဲမှာတော့ ရှောင်လင်းကသူ့ကို လုံခြုံတယ်ဆိုတဲ့ခံစားချက်ကို ခိုင်ခိုင်မာမာပေးစွမ်းတယ်လို့တောင် ပြောနိုင်တယ်။

သူ ခက်ခဲတဲ့အခြေအနေကို ကြုံလာချိန်ဆို အကူအညီမပေးနိုင်ဘူးဆိုရင်တောင်မှ သူ့ရဲ့ကြောက်စိတ်ကို သက်သာစေဖို့ တစ်စုံတစ်ယောက်အနေနဲ့ ရှိနေပေးခဲ့တယ်။

အခု ရှောင်လင်းက ရုတ်တရက်ကြီးထွက်သွားတော့ ပိုင်ရန် အသားမကျနိုင်ဖြစ်နေရတယ်။

'သူတကယ်ပဲ အဆင်ပြေရဲ့လား?'

သူ့စိတ်ထဲမှာ သံသယတို့ပြည့်နှက်နေပြီး သောကတွေက မျက်နှာပေါ်မှာ အတိုင်းသားပေါ်နေတယ်။

သူ့စိတ်ထဲကနေ ရှောင်လင်းနာမည်ကို မရပ်မနားခေါ်နေခဲ့ပေမယ့် ရှောင်လင်းကတော့ လုံးဝပြန်မထူးလာဘူး။

'Systemတစ်ခုအနေနဲ့ သူမက အလုံးစုံအဆင်ပြေရဲ့သားနဲ့ကို ဘာကြောင့်များ အိပ်ရမှာလဲ?'

'ဖီးနစ်မြို့တော်မှာတည်းက အိပ်ချင်လာတာ? ဖီးနစ်မြို့တော်မှာ ဘာဖြစ်ခဲ့လို့လဲ?'

ပိုင်ရန် အသေအချာတွေးကြည့်လိုက်တဲ့အခါမှာလည်း သမာရိုးကျမဟုတ်တာ ဘာမှရှိမနေဘူး။ သူ ဖီးနစ်မြို့တော်မှာ ဇာတ်လိုက်ကျိုးရင်ကို ကယ်ပေးခဲ့တာက ရှောင်လင်းနဲ့ ဘာမှမသက်ဆိုင်ဘူးလေ!

သူ စိတ်ထဲကနေ ရှောင်လင်းနာမည်ကို ခေါ်နေပေမယ့် ရှောင်လင်းက အရင်လိုအသံတိတ်နေဆဲ။ ဒီလိုနဲ့ပဲ နှစ်ရက်တာကုန်ဆုံးသွားခဲ့တယ်။

ရှောင်လင်း ပြန်မဖြေဘူးဆိုတာ သေချာသွားတဲ့နောက် သူလည်း စကားပြောဖို့ကြိုးစားနေတာကို လက်လျှော့ပြီး သူ့တာဝန်ကို အာရုံစိုက်လိုက်တယ်။

ဒီလောက်ထိတောင် လုပ်ထားခဲ့ပြီးပြီဆိုမှတော့ သူတစ်ယောက်တည်းဖြစ်နေရင်တောင် သူ တောင့်ထားရမယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now