အပိုင်း - ၄၆ (Zawgyi + Unicode)

11.4K 2K 48
                                    

{Zawgyi}

နောက်တစ်ရက်မှာ နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ကို ပင်မဆောင်ကိုလာဖို့ အခေါ်တော်လွှတ်လိုက်တယ်။

ပိုင်ရန်ရောက်သွားတဲ့အချိန်မှာ နတ်ဆိုးဘုရင်ကြီးက စာအုပ်တစ်အုပ်ဖတ်နေပြီး သူ့ကိုမြင်တော့ အေးစက်စက်ပြောလိုက်တယ် “ရောက်ပြီပေါ့”

ပိုင်ရန် ပြန်ပြောလိုက်တယ် “ဟုတ်ကဲ့ ရောက်ပါပြီ၊ အရှင်ကြီး ကျွန်တော့်ကို ဘာအတွက်ကြောင့် ခေါ်လိုက်ရတာပါလဲ?”

နတ်ဆိုးဘုရင်ကြီးက စာအုပ်ကိုချကာ ခပ်ပြတ်ပြတ်ပြောလိုက်တယ် “ကိုယ်တော့်ရဲ့အစောင့်ပြောချက်အရတော့ မင်းနဲ့ ဟွာဖေးဟွားတို့ မနေ့ညတုန်းကမင်းအခန်းထဲမှာ အချိန်ကောင်းလေးအတူတူကုန်ဆုံးခဲ့တယ်ဆို?”

ပိုင်ရန် “…”

ဖာ့ခ်!

ပိုင်ရန် “ကျွန်တော်တို့ အဲ့လိုမလုပ်ပါဘူး! ဟွာဖေးဟွားက ကျွန်တော်တစ်ယောက်တည်းပဲ အကာအကွယ်စည်းကိုဖြတ်ပြီး အရှင့်ကိုတွေ့နိုင်တဲ့သူဖြစ်တာကြောင့် အရှင့်အကြောင်းကျွန်တော့်ကို လာမေးတာပါ”

နတ်ဆိုးဘုရင်ကြီးက မျက်ခုံးပင့်ပြီး “Oh… အဲ့သလိုလား?”

“အဲ့လိုပါ” ပိုင်ရန် ရိုးသားစွာပြောလိုက်တယ် “ကျွန်တော်အရှင့်အမိန့်ကို နာခံပြီး ဘာအကြောင်းမှထုတ်မပြောလိုက်ပါဘူး”

“တကယ်လား?”

“တကယ်ပါ”

နတ်ဆိုးဘုရင်ကြီးက သူ့ကိုအချိန်ခဏလောက်စိုက်ကြည့်နေပေမယ့် ပိုင်ရန့်အမူအယာကဒီတိုင်းပဲရှိနေတာကြောင့် နတ်ဆိုးဘုရင်ကြီးကပြောလာတယ် “အခုကအရေးကြီးချိန်ရောက်နေပြီ၊ ရန်သူစစ်တပ်က ချဉ်းကပ်လာမှာမို့လို့ အပျော်အပါးလိုက်စားရင်း မင်းရဲ့စွမ်းအင်တွေကိုမဖြုန်းတီးတာ ပိုကောင်းတယ်”

ပိုင်ရန် “…”

သူမှားနေသလို ခံစားလိုက်ရတာကြောင့် အတည်ပြောလိုက်တယ် “အရှင်… ကျွန်တော်မလုပ်ပါဘူး”

“မင်းသွားလို့ရပြီ” နတ်ဆိုးဘုရင်ကြီး ညင်ညင်သာသာလေးပြောလိုက်တယ်။ နတ်ဆိုးဘုရင်ကြီးက သူပြောတာကိုတကယ်ရော နားထောင်ရဲ့လားဆိုတာ ပိုင်ရန်လည်းမသိတော့တာကြောင့် ပင်မဆောင်ကစိတ်ပျက်စွာထွက်လာခဲ့တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Tempat cerita menjadi hidup. Temukan sekarang