အပိုင်း - ၄၇ (Zawgyi + Unicode)

11.8K 2.1K 48
                                    

{Zawgyi}

မောင်းမအုပ်စုလိုက်ကြီးထွက်သွားပြီး ကျန်ရစ်ခဲ့တာဆိုလို့ ချင်းဟယ်ပဲရှိတယ်ဆိုပေမယ့် ပိုင်ရန့်ခေါင်းက ပိုလို့တောင်ကိုက်လာသေးတယ်။

သူ့ကိုယ်ပိုင်အနောက်ခြံဝင်းက ပန်းပွင့်တွေနဲ့အပင်လေးတွေကို ယုယကြင်နာဖို့ဆိုတာက သူ့အပေါ်ပဲမူတည်တယ်ဆိုပေမယ့် ချင်းဟယ်ကတော့ မတူဘူး။ သူမကနတ်ဆိုးဘုရင်ကြီးဆီကနေ ကိုယ်တိုင်ကိုယ်ကျပေးလာတဲ့ လက်ဆောင်ဖြစ်တယ်။ တကယ်လို့သာ သူမဆီကတွယ်တာမှုကိုသာ မရဘူးဆိုရင် သူရင်ဆိုင်ရမယ့် ပြဿနာနှစ်ခုရှိလာလိမ့်မယ်။

ပထမတစ်ခုက ရှဲ့ဇီထျန်းကအလှလေးကို အလိုလိုက်လိုစိတ်မရှိဘူးဆိုတာက နတ်ဆိုးဘုရင်ကြီးကို ကျော်နင်းတယ်လို့နားလည်မှုလွဲပြီး နတ်ဆိုးဘုရင်ကြီးအပေါ် အရိုအသေမဲ့တယ်ဆိုပြီးဖြစ်လာလိမ့်မယ်။ နတ်ဆိုးဘုရင်ကြီးကို အရိုအသေမဲ့တာက ပိုပြီးပြင်းထန်တဲ့အကျိုးဆက်တွေလာလိမ့်မယ်။ ဒုတိယတစ်ခုကကျတော့ သူလည်းလူတိုင်းကို တစ်သက်လုံးရှောင်နိုင်မှာ မဟုတ်တာကြောင့် သူ့တံခါးဝရောက်လာတဲ့ တစ်ယောက်ကိုတော့ အလိုလိုက်အကြိုက်ဆောင်ပေးရတော့မယ်။ သို့သော်လည်း သူမကိုနတ်ဆိုးဘုရင်ကြီးကိုယ်တိုင်ပို့ပေးလိုက်တာဆိုတော့ သူမကိုအလိုလိုက်အကြိုက်ဆောင်ပေးဖို့ရာ ပိုင်ရန်စိတ်ပါမနေဘူး။ နတ်ဆိုးဘုရင်ကြီးက ဘယ်လိုလျှို့ဝှက်အကြံအစည်တွေကြံနေတာလဲ?

နှစ်လမ်းလုံးက အသက်ရှင်ဖို့အလားအလာမရှိတာကြောင့် ပိုင်ရန်ဒီပြဿနာကို စိတ်အေးအေးထားပြီး စဉ်းစားနေရင်း ကောင်းကင်ကြီးတောင် မှောင်လာတယ်။

သူ့စာကြည့်ခန်းမှာ နောက်ထပ်နာရီဝက်လောက် အချိန်ထပ်ဆွဲနေလိုက်သေးတယ်။ အစေခံတွေကဖိအားပေးပြီး အတင်းထွက်လာခိုင်းတော့မှာသာ သူထွက်လာတော့တယ်။

သူ့အခန်းထဲမှာ ချင်းဟယ်ကလိမ်လိမ်မာမာလေးစောင့်နေတယ်။ အပြုံးလေးနဲ့သူမရဲ့မျက်နှာက ဖျက်လိုဖျက်ဆီးညှို့ဓာတ်တွေရှိနေတယ်။

‘အလှလေးတွေအတွက် သူ့ရဲ့တဏှာကို မထိန်းနိုင်တဲ့သူတစ်ယောက်အနေနဲ့ ငါဘယ်လိုအမူအယာမျိုးနေသင့်လဲ?’ ပိုင်ရန်နှလုံးသားထဲမှာ ကြေကွဲနေပေမယ့် သူ့မျက်နှာမှာတော့ နှာဘူးကောင်အမူအယာရှိနေတယ်။ ချင်းဟယ်နားကပ်ကာ သူ့လက်ကိုဆန့်ထုတ်ရင်း သူမရဲ့ပါးလေးကိုပွတ်လိုက်ပြီး “မင်းလေးရဲ့အသားအရည်လေးက အရမ်းကိုနူးညံ့နေတာပဲ”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now