အပိုင်း - ၆၅

10.3K 2K 148
                                    

{Zawgyi}


ပိုင်ရန် ပြောစရာစကားမဲ့သွားရတယ်။ နတ်ဆိုးနယ်မြေမှာရှိတဲ့ မီးတောက်ဆူးမြို့တော်အကြောင်း သူကောလဟလတွေကြားဖူးတယ်။ ပြောကြတာတော့ မြို့တော်သားတွေက သိုသိပ်လှပြီး ထူးခြားတဲ့အသွင်တွေရှိကြတယ်တဲ့။ အခုဒီလူကိုကြည့်ရတာ ဘယ်နေရာက ထူးဆန်းနေတာလဲ? ဒီတိုင်း အနောက်တိုင်းသားတစ်ယောက်နဲ့ တူနေရုံပဲကို။

သူ့ဆံပင်တွေက မည်းနေပေမယ့်လို့ပေါ့။

ဒီတိုင်းပိုင်ရန်မသိသေးတာက ဒီလူဘယ်လိုမျိုး ဘာသာစကားကိုပြောမှာလဲ?

အင်္ဂလိပ်? ပြင်သစ်? ဂျာမန်?

ကံဆိုးချင်တော့ သူအဲ့ဘာသာစကားတွေကို အပေါ်ယံဗဟုသုတလောက်ပဲရှိတယ်။

ပိုင်ရန့်ဦးနှောက်ထဲက အပေါက်ကြီးက သူလျှောက်ပြီးတွေးလေလေ ပိုကြီးလာလေပဲဖြစ်တယ်။ မြစ်ဝါမြစ်ကြီး စီးဆင်းနေသလိုမျိုး သူ့အတွေးတွေ ပွင့်အံကျကုန်တယ်။ တစ်ကြိမ်လောက်အစဖော်လိုက်ပြီဆိုတာနဲ့ ရေကြီးတာကို မတားဆီးနိုင်တော့ဘူး။

“ကျွန်တော်တို့ရဲ့ဧည့်သည်တော်ကြီးက နတ်ဆိုးဘုရင်ကြီးကိုယ်တိုင်ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး၊ ထွက်မကြိုဆိုမိတဲ့အတွက် စိတ်မရှိပါနဲ့” မီးတောက်ဆူးမြို့တော်ရဲ့ နှာတံမြင့်မြင့် နက်ရှိုင်းတဲ့မျက်လုံးတွေနဲ့ အထောက်တော်ကပြောလာတယ်။ နတ်ဆိုးဘုရင်ကြီးကို ခါးကိုင်းကာ အရိုအသေပေးပြီးနောက် ပိုင်ရန့်ကိုကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးနဲ့ပြောလိုက်တယ် “အတူလိုက်လာတဲ့အတွက် အရှင့်ကိုလည်း ကျေးဇူးတင်ပါတယ်” နတ်ဆိုးဘုရင်ကြီးကတင် အရမ်းကြည့်ကောင်းလှပြီလို့ ပိုင်ရန်ထင်ခဲ့တာ။ ဒီအမျိုးသားရဲ့ပြုံးနေတဲ့မျက်နှာက ဒီတိုင်းနေရင်းနဲ့တောင် ကြည့်ကောင်းလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ? အသက်ရှုမှားဖွယ်မြင်ကွင်းလေးက ကြည့်မိသူတွေကို ပီတိတွေတဖွားဖွားဖြစ်စေတယ်။ [T/N : မြွေမကြောက် ကင်းမကြောက် အဲ့မှာ ဖွားနေလိုက်]

ပိုင်ရန် မိန်းမောစွာကြည့်နေရင်း ရင်တွေတောင်ခုန်လာတယ်။

နတ်ဆိုးဘုရင်ကြီးက သူ့ကိုစိုက်ကြည့်ကာ ထိုလူကို မိတ်ဆက်ပေးလိုက်တယ် “ဒီလူက မီးတောက်ဆူးမြို့တော်ရဲ့ အထောက်တော် လောင်ဟိုင်း”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now