အပိုင်း - ၈၇

6.9K 1.4K 32
                                    

{Zawgyi}


ပိုင်ရန် လမ်းဘေးနားသွားကာ လော့ကျန်းဖန်းရောက်လာမှာကို စောင့်နေလိုက်တယ်။ လျှင်မြန်စွာလှုပ်ရှားနေတဲ့ လော့ကျန်းဖန်းဆီ ချက်ချင်းဆိုသလို မန္တာန်တစ်ခု ပစ်လွှတ်လိုက်တယ်။ ပိုင်ရန်တည်ရှိနေတာကို အာရုံခံမိသွားတာကြောင့် လော့ကျန်းဖန်း ရပ်လိုက်ရတယ်။

ပိုင်ရန်က တခြားတစ်ဖက်ကို ပြေးထွက်သွားတယ်။ လော့ကျန်းဖန်းက သူ့ကိုယ်သူပေါ်သွားအောင် မလုပ်ရဲတာကြောင့် သူ့နောက်လိုက်တွေကို ပြောလိုက်တယ် "မင်းတို့ ရှေ့ကိုတက်ကြ၊ မမလေးဖုန့်ကို တွေ့ရင် သေချာလုံခြုံအောင် လုပ်ပေး... ကျိုးရင်ဆိုရင်တော့ သူ့ကိုသတ်ဖို့ မင်းတို့မှာ လုပ်ပိုင်ခွင့်အပြည့်အ၀ရှိတယ်!"

"အမိန့်ရှိပါ သခင်ကြီး!" သူ့နောက်မှာ ပါလာကြသူတွေက သူ့ကိုပြန်ဖြေပြီး နေရာအနှံ့ကို ပြေးထွက်သွားကြတယ်။

လော့ကျန်းဖန်းက သူ့အမိန့်တွေကို ချပြီးတဲ့နောက် ပိုင်ရန်ထားရစ်ခဲ့တဲ့အမှတ်အသားနောက်ကို ခြေရာခံလိုက်တော့တယ်။ မကြာခင် သစ်ပင်ကြီးတစ်ပင်ရဲ့နောက်မှာ တွေ့လိုက်ရတယ်။

"အရှင်ရှဲ့ ခင်ဗျားဘာလို့ ဒီရောက်နေတာလဲ?" လော့ကျန်းဖန်က ပိုင်ရန့်ကို သစ်ပင်ကြီးတစ်ပင်ရဲ့နောက်မှာ တွေ့လိုက်ရတာကြောင့် သံသယဝင်လာတယ် "အရှင်ကြီးရော ဒီရောက်နေတာလား?"

ပိုင်ရန် ရင်တွေတဒိတ်ဒိတ်ခုန်နေပေမယ့် သူ့မျက်နှာကတော့ တည်ငြိမ်နေဆဲဖြစ်တယ်။ သူ ခေါင်းကိုမော့ကာ မတ်တပ်ရပ်နေပြီး လက်တွေကို နောက်ပစ်ထားတယ် "အရှင်ကြီးက ဒီမှာမရှိဘူး၊ ကျုပ်တစ်ယောက်တည်း လာတာ'

လော့ကျန်းဖန်းက မျက်မှောင်ကြုတ်ပြီး မသင်္ကာစွာမေးလိုက်တယ် "ဒါဆို အရှင်က ဒီမှာ ဘာလုပ်နေတာလဲ?"

ပိုင်ရန်က တည်ငြိမ်စွာနဲ့ "ကျုပ် ဒီလာပြီး ခင်ဗျားကို ကူညီမလို့"

"ကျွန်တော့်ကို ကူညီမယ်?" လော့ကျန်းဖန်း မနေနိုင်စွာ ရယ်မောမိတယ် "အားလုံး အဆင်ပြေနေပါတယ်၊ ကျွန်တော် ဘာအကူအညီမှမလိုဘူး"

လော့ကျန်းဖန်းက သူ့ကိုမယုံကြည်မှန်း ပိုင်ရန်သိတာကြောင့် သင့်တော်တဲ့ဆင်ခြေတစ်ခု ပြင်ဆင်ထားပြီးသားဖြစ်တယ် "ခင်ဗျားက မကြာခင်ပေါ်တော့မှာဆိုတာကို သိရဲ့လား?"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now