အပိုင်း - ၅၆

10.1K 1.9K 49
                                    

{Zawgyi}

ကျောင်ချင်းအာပေါ်လာတော့မှ ကိစ္စတွေအေးပြီဆိုတာ ပိုင်ရန်သိလိုက်တယ်။ သူပြုံးပြရင်း "မမလေးကျောင်ပဲ... ဒီကိုမလာတော့ဘူးလားလို့တောင်ထင်နေတာ"

ကျောင်ချင်းအာက ဇာတ်လိုက်အတွက် ကျောက်စိမ်းတိမ်လွှာပုလဲကိုတောင် ခိုးလာရဲတယ်။ သူမရဲ့အရူးအမူးချစ်တတ်ပုံတွေကို ကောင်းကင်နဲ့မြေကြီးသိတယ်။

ပိုင်ရန်က အမျိုးသား အမျိုးသမီးဇာတ်လိုက်တွေဆိုတာ ကောင်းကင်ကတွဲဖက်ပေးထားတဲ့ လူတွေလို့တောင် တွေးမိသွားတယ်။

ကျောင်ချင်းအာ နှုတ်ခမ်းကိုက်လိုက်တယ် "ကျွန်မ ကျောက်စိမ်းတိမ်လွှာပုလဲယူလာပြီ.. ဖြေဆေးက ဘယ်မှာလဲ?"

"စိတ်ပူမနေနဲ့ ငါ့ကို ပုလဲပေးလိုက်တာနဲ့ ကျိုးရင်ကို တစ်ခါတည်း လွှတ်ပေးလိုက်မယ်" ပိုင်ရန်ပြုံးလျက်သာနေနေတယ်။ သူ့လက်ထဲ ပုလဲပေးလိုက်ဖို့ လက်ဆန့်ထုတ်ထားတယ်။

ကျောင်ချင်းအာက သူ့ရဲ့စကားတွေကို ယုံသင့်မယုံသင့် ချိန်ဆနေတယ် "ကျွန်မက ရှင့်ကိုကျောက်စိမ်းတိမ်လွှာပုလဲပေးလိုက်လို့ ရှင်က ကျိုးရင်ကို မလွှတ်ရင်ရော?"

ပိုင်ရန်ခပ်ဟဟရယ်မောလိုက်တယ်။ ထိုရယ်သံကိုကြားတော့ ကျောင်ချင်းအာတုန်ရီလုနီးပါးဖြစ်သွားပြီး မျက်နှာက ရဲတက်လာတယ်။

"မမလေးကျောင် ငါကစကားကို အလေးအနက်ပြောနေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းငါ့ကို ယုံကြည်ဖို့ကလွဲပြီး ရွေးခြယ်စရာမရှိဘူး... မင်းငါ့ကို လှည့်စားရဲတယ်ဆိုရင်တော့ မင်းတို့နှစ်ယောက်လုံးကို သတ်ပစ်မှာ" ပိုင်ရန်သတိပေးလိုက်တယ်။ အဲ့နောက် အသံကိုမြှင့်ပြီးပြောလိုက်တယ် "ဒီကို လွှဲပေးတော့!"

ကျောင်ချင်းအာ ကြောက်လွန်းလို့ ခေတ္တငြိမ်သက်သွားတယ်။ သူမပိုင်ရန့်ကို ဆန့်ကျင်ဖို့ အခွင့်အရေးလေးတစ်ခုတောင် မရှိဘူးဆိုတာ သူမသိတယ်။ ပိုင်ရန်သာ ပုလဲကို အတင်းအကျပ်ယူလာမယ်ဆိုရင် သူမဘာမှလုပ်နိုင်မှာမဟုတ်ဘူး။

သူမ အံကြိတ်ပြီး ဘူးအသေးလေးကို ထုတ်ကာ ပိုင်ရန့်ကိုပေးလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now